အပိုင်း 15

2.6K 122 28
                                    

အပိုင်း 15

သစ်ရွက်ခြောက်တွေကြွေကျမြေခနေသောမြင်ကွင်း၊ ရွက်သစ်တို့ဝေနေသောမြင်ကွင်းနှင့် ဥသြငှက်တို့အော်မြည်သီကျူးသံတို့သည် နွေဦး၏သရုပ်ကိုပို၍ပီပြင်စေလှသည်။

မနက်​​ဖြန်ဆိုရင်ကလေးငယ်များအားလုံး10တန်းစာမေးပွဲကြီးဖြေဆိုရတော့မည်။

ဘာသာရပ်အသီးသီးကို ပိုင်နိုင်နေကြသော နိုင်းနိုင်း၊စွမ်းထက်၊ရူပါတို့သုံးယောက် နှင်းအားခွင့်တောင်းကာ မြို့မစျေးထဲသို့ထွက်လာခဲ့ကြသည်။

"ရူပါရေ ကိုကိုကလေ ငါတို့ဖြေပြီးပြီးချင်း ချောင်းသာလိုက်ပို့မာမဟုတ်ဘူးမလား"နိုင်းနိုင်းဝေ ရူပါအားကြည့်ကာမေးလိုက်သည်။

"အေး ငါတို့3ရက်လောက်နားပြီးမှ ကိုကိုလည်းDutyအားမှလေ ဘာလို့လဲ"

"အာ ဟိုဟာလေ ဝေသော်က သူ့ရွာကိုငါ့ကို အလည်ခေါ်နေတာ နေ့ချင်းပြန်ပဲလေ သူပြန်လိုက်ပို့မာတဲ့
နင်ရောလိုက်ဦးမလား"

"အေး ငါမမကိုပြောလို့ရရင်လိုက်ခဲ့မယ်"

"စွမ်းထက်ရောလိုက်ဦးမာလား "

"ဟင့်အင်း ငါကလိုက်တော့ဘူး ပျင်းတယ်"

နိုင်းနိုင်းစွမ်းထက်နိုင်ကိုစိတ်ကောက်သလိုမျက်နှာဖြင့်
"ရပါတယ် သူငယ်ချင်းမပီသဘူး မင်းတကယ်မလိုက်ဘူးလား မလိုက်ရင် မုန့်ဝယ်ကျွေး"

"ဘာမှလည်းမဆိုင်ဘူး...အေးအေးဝယ်ကျွေးမယ်စားကြစားကြ"
...........
နှင်းကလေးများအား စာမေးပွဲအခန်းအတွင်းလိုအပ်ချက်များကို သေချာမှာကြားသည်။

ဂရုတစိုက်ဖြေရန်၊ခုံနံပါတ်မှားမတပ်မိရန်သေချာမှာကြားသည်။

ရှိန်းတစ်ယောက်လည်း Dutyကြောင့်မအားသဖြင့်ဖုန်းသာဆက်၍ အားပေးနိုင်သည်။

မြန်မာစာနေ့မှသည် ဇီဝဗေဒနေ့အထိဖြေဆိုပြီးသော်

"ယေး အကုန်ဖြေပြီးပြီးကွ"

ကလေးများပျော်ရွှင်စွာအော်နေကြသည်။

"မမ မနက်ဖြန်ကြ မီး နိုင်းနိုင်းနဲ့အတူ ဝေသော်တို့ရွာလိုက်သွားချင်လို့"

ခိုနားရာ❤ (Completed) Where stories live. Discover now