" အနန္တသိဒ္ဓိ "
➡ မှော်နန်း
(၁) ငါတကယ်သေ သွားတာလား
ကောင်းကင်ယံသည် ကြည်လင်စ ပြုလာသည်။ စူးရှရှ အနွေးစီးကြောင်းကို ထုတ်လွှတ်နေသော နံနက်ခင်း၏ အလင်းရောင်မှာ ကမ္ဘာ့နယ်နိမိတ်သို့ ကျူးကျော်လာသည်။
ရောယှက်ရှုပ်ထွေးနေသော တိမ်ဖြူတိမ်ညိုတို့မှာ တဖြေးဖြေးပျက်ပြယ်စ ပြုလာလေပြီ။ တောက်ပသော အလင်းရှေ့ဝယ် ပိတ်ကွယ်၍မရသော အမှောင်သည် ရှုံးနိမ့်သကဲ့သို့...။
အားကောင်းစွာစီးဆင်းလာသောချောင်းရေအလျင်တွင် ဒိုက်သရော တို့ မျောလွှင့်သကဲ့သို့။
ထူးပိန်းပိတ်နေသော တိမ်ပင်လယ်မှာ နေမင်း၏ရှေ့ဝယ် မာန်စွယ်ချိုးခံရသည့် သုံ့ပန်းများပမာ ရန်စွယ်ကိုဘေးချိတ်၍ မာန်ချကာ လက်နက်စွန့်ကုန်၏။
ထိုမှ စ၍ ထက်ဝဠာတခွင် သည် ကြည်လင်သောမိုးပြာရောင် ခြယ်မှုန်းထားသည့် ပိတ်ကားတစ်ချပ်အဖြစ်ပြောင်းသွားခဲ့သည်။" အား...အား...ကယ်...ကယ်ကြပါဦး"
ကြည်ပြာရောင်ကောင်းကင်ယံထက်မှ သေးငယ်သော အရာဝတ္ထုတစ်ခုသည် အရှိန်ပြင်းစွာ ကျဆင်းလာသည်။ ထိုအရာသည် သက်မဲ့မဖြစ်တန်ရာ။ အဘယ်ကြောင့် ဆိုသော် အာမေဋိတ်သံမျိုးစုံကိုရွတ်၍ " ကယ်ကြပါ" ဟူသော စကားသံမှာ ပဲ့တင်ထပ်နေသည်။ကြည်လင်သောကန်ရေပြင်ကျယ်တွင် ကူးခတ်နေသော ဖားပမာ ခြေကားလျားလက်ကားလျားနှင့် အကူအညီမဲ့နေသည့်ဟန်ဖြင့်။
"ဝုန်း...ဘုတ် "
ပီပြင်စွာမြင်ရသောအခါ ထိုအရာမှာလူသတ္တဝါ။
" အ..ကွဲ..ကွဲ ပြီထင်တယ် "
သူသည် မာကျောသောအရာဝတ္ထုပေါ်သို့ကျလာပြီး သူ၏ဂွကြားကို လက်ဖြင့်အုပ်ကာ ရှုံ့မဲ့မဲ့ မျက်နှာထားနှင့် တီးတိုးရေရွတ်လိုက်၏။
" ဟူး...တော်သေးတယ် ငါမသေဘူး၊ ရဟတ်စီးရသလို ရင်ထဲကိုအေးနေတာပဲ ဘယ်လိုဖြစ်ပြီးငါက မိုးပေါ်ကကျလာတာတုန်း "
ပြောပြောဆိုဆိုနှင့် အောက်သို့လျင်မြန်စွာငုံ့ကြည့်လိုက်သည်။ ပြီးနောက် ခပ်ဖွဖွ သက်ပြင်းတစ်ချက်မှုတ်ထုတ်၍...
![](https://img.wattpad.com/cover/333021082-288-k783750.jpg)