(၁၀)

7 0 0
                                    

◾အနန္တသိဒ္ဓိရှင်စနစ်

#မှော်နန်း


(၉)အာယုဝဍ္ဎန နတ်ဂမုန်း၏သမီးတော်.......

နတ်ဂဠုန်တောင်တန်းကြီးသည် အနောက်ရပ်မှတည်၍ နတ်မီးတောက်ကုန်းမြေတစ်ခုလုံးကို ကာရံထားသည့်တံတိုင်းပမာ ရှိချေ၏။

နတ်မီးတောက် ပြည်ဟုဆိုလိုက်လျင် ထိုနတ်ဂဠုန်တောင်တန်းကြီးကိုပါ တွဲလျက်မြင်မိကြမည်မှာ မလွဲပေ။ တောင်၊မြောက် သွယ်တန်းနေသည့် ယင်း တောင်တန်း၏ အလယ်တွင် ငှက်ကြီးတစ်ကောင်၏ ဦးခေါင်းပမာ မိုးသို့ယွန်းနေသည့် တောင်ကလပ်ကို တွေ့ရမည်။

ထိုတောင်ကလပ်ကို ဗဟိုပြု၍ ဘေးနှစ်ဖက်မှ ဆက်၍လာသော တောင်စဥ်တောင်တန်းတို့နှင့်အတူ ပေါင်းစပ်ရှုမြင်ပါလျင် ငှက်ကြီးတစ်ကောင် သည် သူ၏အတောင်တစ်စုံကို ဖြန့်ကားထားသည့်အလား ထင်ရသည်။

ဤသည်ကို အစွဲပြု၍ နတ်ဂဠုန်တောင်တန်းကြီးဟု သမုတ်ကြခြင်းသာ ဖြစ်သည်။ အနန္တကမ္ဘာ၏ အသက်နှင့်ထပ်တူကျသော သက်တမ်း ရှိသည်။

သားရဲအလွန်ပေါသည်။ နတ်မီးတောက်ကုန်းမြေရှိ အခြားသော တောမြိုင်တောင်စွယ်တို့ထက် ပို၍ပေါများသည်။

မြိုင်မဟာ၊ဂနိုင်ရာဇာ ဤတောတောင်၏အနက်ပိုင်းသို့ မည်သူမှ မဝင်ရဲကြပေ။ ထိုတော၏ အနက်ပိုင်းတွင် ဒဏ္ဍာရီလာ သံသေဓဇနတ်သားရဲတို့ရှိသည်ဆိုခြင်းကြောင့်ဖြစ်သည်။

သံသေဓဇပဋိသန္ဓေမှ ဖွားမြင်သော သားရဲများ၊ လူများမှာ သာမာန်တို့ထက်သာလွန်သော အစွမ်းသိဒ္ဓိရှိသည်ဆိုခြင်းကြောင့် ကြောက်လန့်၍ မသွားဝံ့ကြခြင်းသာ။

အိမ်ရှေ့ဥပရာဇာ မဖြစ်သေးသော နဝမမြောက်မင်းသား သူရိယကုမ္ဘာ နှင့်အတူ တတိယနောင်တော်ဟိန္ဒက ၊ ပဥ္စမနောင်တော် ဥပဝရ တို့သည် နတ်ဂဠုန်တောင်တန်း၏ တောတွင်းသို့ တောကစားထွက်ခဲ့ကြ၏။

တတိယနောင်တော်ဟိန္ဒကမှာ သူရိယကုမ္ဘာ၏ နောင်တော်ရင်းဖြစ်၏။ ကျန်မင်းသားတို့မှာ သူ့ဖခင်၏ ေမာင်းမမိဿံ များနှင့် ဆောင်ရနန်းရ မိဖုရားငယ်တို့၏ သားတော်များသာဖြစ်သည်။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now