🔸အနန္တသိဒ္ဓိရှင်စနစ်
🔹 မှော်နန်း
(၈) ပုန်းကွယ်နေသော.... ကျား....
" စည်း... စည်းကဘာလို့ပျက်တာလဲ "
မှော်သိင်္ခ မေးလိုက်၏။ သုမနက ဘာမျှပြန်မဖြေအား။
ဂန္ဓရ တောင်တန်းကြီးက တုန်ခါသည်မဟုတ်။ ဂန္ဓရ ကျွန်းကြီး၏ တော်လဲသံလည်းမဟုတ်ခဲ့။
" ဝုန်း.....ဝေါ...ဝေါ...ဝေါ..."
လေပြင်းတို့သည် လေဆင်နှာမောင်းကဲ့သို့ ဝေ့ဝိုက်ကာတိုက်ခတ် လာသည်။ လူသားတို့ကို မထိခိုက်သေး။ သို့သော် လေဝဲကတော့ထဲတွင် အပိုင်းပိုင်းကျိုးကြေနေသော သစ်လုံးများ ။
"ဖျောင်း...ဖျောင်း...ဖျောင်း...."
" ဝီ....ဝှီး....ဝှီး... "
"ဘုတ်...ဘုတ်...ဘုန်း..."
" ဝုန်း...."
" ပြိုကုန်ပြီ...ကွ...ပြေးကြတော့ဟေ့.."
သစ်လုံးကြီးများမှာ လေတိုးတိုက်နိုင်ခြင်း မရှိအောင်ပင် စေ့ငှသေသပ်စွာတည်ထားခဲ့သည် မဟုတ်လော။
ယခုအခါ ဘာကြောင့်ဟူသော အဖြေမရှိပါဘဲ ပြတ်ရှ ကျိုးပျက်ကာ လွင့်စင်နေသည်။ တဲငယ်များပေါ်သို့ တဘုန်းဘုန်းကျလာ၏။
" ပြေးဟ... ညောင်ပင်ခြေသွားစု ညောင်ပင်ခြေကို မြန်မြန်သွား..."
" ဟိုကလေးတွေ... လာလာဒီဘက်ကိုမြန်မြန်...၊ အမလေး...မျိုးနွယ်ဝန်လုပ်ပါဦး"
" ဆေးပင်...ဆေးပင်တွေမက်မနေနဲ့ မြန်မြန်သာလာ...ကြ"
" ဟေ့ကောင်တွေ ပွဲအတွက်စီစဥ်တာရပ်ထားတော့ဟ...ဟိုမှာသွားကူ..."
မျိုးနွယ်ဖွားအမျိုးသားများနှင့် ဂျနဒါတို့သည် ပွဲတော်အတွက်စီစဥ်နေရင်းမှ ဒိုင်း၊ဓား၊ လေးနှင့်မြှားတို့ကို အပြေးယူကြ၏။ အမျိုးသမီးများနှင့်စန္ဒာသည် ကလေးငယ်များ၊ သက်ကြီးရွယ်အိုတို့ကိုခေါ်၍ အပြေးလာနေသည်။
သံသေကျောက်တုံး တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။
ပြေး လွှားနေကြရ၏။ ညောင်ပင်ကြီးရှိရာ ဆယ်လံပတ်လည်သည်သာ ဆိတ်ငြိမ်နေသည်။ အန္တရယ် ကင်းလွတ်ဇုံဟု ဆိုရမည်။
![](https://img.wattpad.com/cover/333021082-288-k783750.jpg)