(၅) ကာယသုခဆေးတော်

20 2 0
                                    

" အနန္တသိဒ္ဓိရှင်စနစ်

➡ မှော်နန်း

(၄.၅) ကာယသုခဆေးတော်

မျိုးနွယ်ဝန် သည် မှော်သိင်္ခ၏လက်မှ လက်စွပ်လေးအကြောင်း သိသွားသောအခါ သူ၏နောင်တော်ကြီး သောမန စီစဥ်ထားသော ကိစ္စများ အကောင် အထည် ပေါ်လာပြီဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် မှော်သိင်္ခ၏ ရုပ်ခန္ဓာကို ဦးညွှတ်နေရင်းမှ လက်စွပ်လေးဆီသို့ သူ၏ နာမ်ဝိဉာဥ်ကို တွန်းပို့လိုက်သည်။

" နာမ်စေရာပုံရိပ်ယောင်ကမ္ဘာ"။

တြိလောကအတုလရတနာ မှော်လက်စွပ်လေး၏ အတွင်းကမ္ဘာတွင် မှော်သိင်္ခနှင့် အဘိုးကြီးသောမနတို့မှာ အချေ အတင် ဖြစ်နေဆဲ ဖြစ်သည်။

အဘိုးကြီးသောမနနှင့် ဘဒ္ဒကမ္ဘာရှိဘုရားပေါ်တွင် ပထမအကြိမ်တွေ့ဆုံခဲ့ရသည်။ ထိုအချိန်က သူပေးသော သည်လက်စွပ်လေးကြောင့်ပင် ဘဒ္ဒကမ္ဘာကို နောက်ဆုံးအကြိမ် နုတ်ဆက်ခဲ့ရခြင်းဖြစ်သည်။ ယခုတော့ အနန္တကမ္ဘာ၏ ပဟေဠိပင်လယ်တွင် မှော်သိင်္ခသောင်တင်နေသည်။

"အဘိုးကြီးသောမန ကျုပ်အတည်ပြောတာနော် ခင်ဗျားဘာမှထပ်မပေးနဲ့ ကျုပ်မယူရဲတော့ ဘူး "

"......."

အဘိုးကြီးသောမနသည် ဤပုံရိပ်ယောင်လောကငယ်တွင် ပေါ်လာခြင်းမှာ သူ့ကို ပစ္စည်းတစ်ခုပေးရန်ရှိသောကြောင့်ဟုသိရသည့်အခါ မှော်သိင်္ခလန့်နေသည်။ အဘိုးကြီးသောမန မှာ သူပေးမည့်ပစ္စည်းကိုပင် မပြရသေးဘဲ "မယူပါ ဘူး" ဟု ငြင်းဆန်နေသော မှော်သိင်္ခကိုကြည့်၍ ပြောစရာစကားပင်ဆွံ့အနေ၏။

ထိုစဥ် သူတို့ နှစ်ဦးဘေးဘက် ခရမ်းရောင်အာကာပြင်တွင် မီးခိုးလှိုင်းများတွန့်လာသည် ။

"အဟမ်း...အဟမ်း "

မကြာမီ ထိုမီးခိုးလှိုင်းများကြားမှ ချောင်းဟန့်သံတစ်ခုနှင့် အတူ လူတစ်ဦး ၏ ပုံရိပ်သဏ္ဍာန်ထင်လာခဲ့သည်။

" ငါသိတယ် ညီတော် မင်းရောက်လာပြီဆိုတာ"

မှော်သိင်္ခကို ပြောရန်စကားလုံးရှာမတွေ့သေးသော အဘိုးကြီးသောမနက မီးခိုးလှိုင်းကြားက လူရိပ်ကို နုတ်ဆက်စကားလှမ်း ပြောလိုက်၏။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now