(၇)

14 1 0
                                    

"အနန္တသိဒ္ဓိရှင်စနစ်

◾ မှော်နန်း

(၆)"နှစ်ကမ္ဘာတစ်ဘဝ၊ တစ်ဘဝနှစ်ခန္ဓာ၊ နှစ်ခန္ဓာ နှစ်စိတ်၊ နှစ်စိတ် တစ်သံသရာ "

ခုနှစ်သွယ်သော ရောင်စဥ်တန်း​ကြားတွင် သိဒ္ဓိဝင်ကျောက်ကလေးမှာဆင့်ကဲပြောင်းလဲနေသည်။

ရောင်စင်တို့သည် ခုနှစ်သွယ်ဖြာလျက်ရှိရာမှ လွန်းတင်ကြိုးကဲ့သို့ တပင်တိုင်အဖြစ် ပေါင်းစပ်ရောယှက်လာ၏။ ကျောက်လေးသည်လည်း နက်မှောင်နေရာမှ ဇမ္ဗူရစ်ရွှေရောင်ဖိတ်ဖိတ်တောက်လာသည်။

" ခင်ဗျား...ဒီလိုမလုပ်သင့်ဘူး၊ အရေးကြီးကိစ္စဆိုရင်တောင် တစ်ဖက်လူကို ၊အရေးလုပ်သင့်တယ်ဗျသိလား ၊ ဘယ်သူဝင်စားဝင်စား၊ ဘယ်သူ့တမာန်တော်ဖြစ်နေပါစေ ၊ ကျုပ်စိတ်မဝင်စားဘူး၊ ကျုပ်ကူမယ်လို့ပြောခဲ့တာလဲ၊ ဒါကကျုပ်ဝတ္ထုအရဖြစ်တည်လာတဲ့ကမ္ဘာထင်ခဲ့လို့ပဲ၊ ကျုပ်ထိမ်းချုပ်ရမယ်ထင်ခဲ့လို့ပဲ၊ ခုတော့...တောက်စ်"

သွေးများစိမ့်ထွက်နေသည်ကို အံကြိတ်လျက်ဖိကာနေရင်း မှော်သိင်္ခပြောလိုက်သည်။ ဒေါသထွက်နေသည့် မျက်နှာထားမှာ နာကျင်မှုသရုပ်ကို ဖုံးကွယ်ထားသည်။

နှစ်ကမ္ဘာတစ်ဘဝတွင် သည်တစ်ကြိမ်သာ ပထမဆုံး ခံရဖူးသော ဓားထိုးချက်ဖြစ်၏။ ခံစားချက်မဲ့သော ဓားချက်။ မရေရာသည့် ဖြစ်ရပ်အတွက် သူသည်စတေးခံ တမာန်တော်လော။ ချစ်ခြင်း၊မုန်းခြင်း အလျဥ်းမရှိ။ မဆီလျော်စွာ ခံရသည့်ဓားချက်။

သုမနအတွက် အရေးပါသောကိစ္စဖြစ်လင့်ကစား မှော်သိင်္ခနှင့်လားလားမှ မဆိုင်သည့် ဖြစ်ရပ်များသာ။ သူရိယကုမ္ဘာ ဝင်စားခြင်း မှန်သည်ဖြစ်စေ၊ မဟုတ်မှန်သည်ဖြစ်စေ သည်အတွက် မှော်သိင်္ခအလေးမထားလို။ သူဖြစ်လိုသည်မှာ ဘဒ္ဒကမ္ဘာသို့ ပြန်နိုင်မည့် လမ်းစကို သိလိုခြင်းသာရှိသည်။

ထို့အပြင်သူသည် ဗုဒ္ဓဝါဒထွန်းကားရာ ဘဒ္ဒကမ္ဘာမှလာသူဖြစ်၍ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးမှ လူဝင်စားခြင်းကိုသူမယုံကြည်ပေ။ ဘဒ္ဒကမ္ဘာတွင်လည်း ဝင်စားခြင်း ဖြစ်ရပ်များကို လက်ခံကြသည်။ သို့သော် ထိုသို့ဝင်စားသူအများစုမှာ ဇာတိနိဿရဉာဏ်မွေးရာပါ ရတတ်သည်။ သူတို့ဘဝဟောင်းကို ပြန်ပြောင်းအောက်မေ့ပြောပြနိုင်သည်။

အနန္တသိဒ္ဓိ ရှင်စနစ်Donde viven las historias. Descúbrelo ahora