၁၂

10 1 0
                                    

◾အနန္တသိဒ္ဓိရှင် စနစ်

#၁၁
#မှော်နန်း
#InfinityPower
#မှော်သိင်္ခ

(၁၁) စတေးခံ ဝံ့ကြသူများ....

" ကန့်သတ်ချက်မရှိဘူး...ဘယ်မှော်အဆင့်ဖြစ်ဖြစ် ၊ မှော်စွမ်းအင်လှိုင်းအားကို တစ်ကြိမ်တော့ခံနိုင်တယ်.."

စနစ်ထိမ်းချုပ်သူလေးက ဖြန်ဖြေသည်။

" ဟုတ်ပြီ...ဒါဆို ပွိုင့်ခုနှစ်ထောင့်ရှစ်ရာပေးရတာတန်ပါတယ်ကွာ...ဟူး...ငါ့ပွိုင့်လေးတွေ...."

မှော်သိင်္ခသည် ပွိုင့်များရအောင် မည်သို့သော တာဝန်များဆောင်ရွက်ရမည်ကို မသိသေးသော်လည်း တစ်ထိုင်တည်းနှင့် ပွိုင့် ရှစ်ထောင်ကျော်ကုန်ပြီဖြစ်၍ နှမြောတသဖြစ်နေသည်။

သူဘဒ္ဒကမ္ဘာတွင် နေစဥ်က ထိုကဲ့သို့ စနစ်ဝတ္ထုများကို သူလေ့လာဖတ်ရှုဖူးသည်။ ၄င်းဝတ္ထုများထဲမှ ဇာတ်လိုက်တို့ကဲ့သို့ သူကိုယ်တိုင် စနစ်တစ်ခု ၏ လက်ခံသူ ဖြစ်လာမည်ဟု သူမတွေးခဲ့ဘူးပေ။ ယခုကိုယ်တိုင်ကြုံနေရပြီဖြစ်သည်။

ထိုစနစ်များတွင် ယခုအသုံးပြုလိုက်သော ပွိုင့် (ရမှတ်)များကို တာဝန်များဆောင်ရွက်မှာသာရနိုင်သည်။

ထို့အပြင် ကံစမ်းမဲ လှည့်ခြင်းနှင့် အထူးအခွင့်အရေးများ ရရှိခြင်း၊ အဓိကတာဝန်၊ အရံတာဝန်၊ လျှပ်တပြက်တာဝန်၊ လျှို့ဝှက်တာဝန် စသည်တို့ပါတတ်၏။

ယင်းတာဝန်များအောင်မြင်မှသာ အမှတ်များရမည်ဖြစ်သည်ကို သူဖတ်ဖူးခဲ့သည်။ ယခုအမှတ်များသည် အဘယ်ကရသနည်း။ သူမသိသေး။

" ရပြီဒီမှာ...."

စနစ်ထိမ်းချုပ်သူလေးသည် အနက်ရောင်စိုနစ်နေသည့် လခြမ်းသဏ္ဍာန် ပစ္စည်းလေးကို စနစ်၏စတိုးမှ ထုတ်ယူကာ ပေးသည်။

" ဒါလေးက...ဟုတ်ကောဟုတ်ရဲ့လားကွာ..."

သူ့လက်ထဲသို့ လာထည့်ပေးသော အလွန်သေးငယ်သည့် လခြမ်းပုံပစ္စည်းလေးကိုကြည့်ကာ မှော်သိင်္ခသက်ပြင်းချမိ၏။

စနစ်ထိမ်းချုပ်သူလေး ပေးသော မဟူရာဒိုင်းကာ မှာ သူ့လက်ဝါးပေါ်တင်လိုက်သည့်အခါ လက်သည်းခွံသုံးခုစာလောက်သာ ရှိသော ပစ္စည်းကလေး။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now