(၁၁)

5 0 0
                                    

◾အနန္တသိဒ္ဓိရှင်စနစ်

#မှော်နန်း
#InfinityPower
#မှော်သိင်္ခ

(၁၀) အသူရာနတ်ဆိုး၏ရန်လိုမှု.....

မှော်သိင်္ခနှင့်အတူ အားလုံးသောမျိုးနွယ်ဖွားတို့သည် ဘိုးသက္ကထံအကြည့်ရောက်သွား၏။ ထိုစဥ်....

" အား...."

လျှို့ဝှက်စွာရောက်လာသည့် ဘိုးသက္ကကိုမြင်သည့်အခါ ဆီရိဒို ပြေးရန်ပြင်လိုက်စဥ် ဘိုးသက္ကသည် သူ၏ခြေကိုစောင့်လိုက်၏။

ဘိုးသက္က၏ လေဟာနယ်တွင်စောင့်နင်းလိုက်သော ခြေစောင့်ဟန်သည် မျိုးနွယ်ဖွားတို့နှင့် မှော်သိင်္ခကို ဘာမျှမဖြစ်သော်လည်း အလစ်ပြေးရန်ပြင်လိုက်သူ ဆီရိဒိုအပေါ်သက်ရောက်သွား၏။

ဘိုးသက္က၏ မာန်ပါလှသော ခြေစောင့်ချက်သည် လေဟာနယ်တွင်လှိုင်းတွန့်များပင်ဖြစ်သွားသည်ဟု ထင်ရသော ဖိအားတစ်မျိုးကို ထုတ်လွှတ်နေ၏။ ၄င်းဖိအားအောက်တွင် ဆီရိဒို သည် " အား" ခနဲ အော်သံတစ်ချက်သာ ကြားလိုက်ရပြီး ခွေ့ခနဲ လဲကျသွား၏။

" ဟာ...အတော်စွမ်းတာပါလား"

မှော်သိင်္ခစိတ်တွင်း၌ ရုတ်တရက်ရေရွတ်မိသည်။ စနစ်မှချီးမြင့်သော ခဏတာရှိန်ဝါ နှင့်သူတိုက်ခိုက်ဖူးသော်လည်း ကိုယ်ပိုင်စွမ်းအားမဟုတ်၍ စွမ်းအားလှိုင်း၏ ထူးခြားမှုကို သူမသိခဲ့။ ယခု ဘိုးသက္က၏ မှော်စွမ်းအင်လှိုင်းမှာ မှော်ပညာမတတ်သေးသည့် သူကိုယ်တိုင်ပင် အံ့အားသင့်မိသည်။

ပြင်းထန်လွန်းသောဖိအား။ ။

ဆီရိဒိုသည် လဲကျနေရမှာ အားမာန်တင်း၍ ရုန်းထလွတ်မြောက်ရန် ကြိုးစားနေ၏။ သူ၏ပုံစံကို ကြည့်လျင် ဘိုးသက္ကထုတ်လွှတ်ထားသည့် စွမ်းအင်လှိုင်းဖိအားမှာ မည်မျှပြင်းထန်သည်ကို ရိပ်စားမိနိုင်သည်။

ဆီရိဒိုသည် သူ၏ မှော်စွမ်းအင်အားလုံးကို လှုံ့ဆော်၍ အဖန်ဖန်ကြိုးစားနေသော်လည်း ယခုထိမလွတ်မြှောက်သေး။

" အသူရာနတ်မင်း၏ နာမတော်ကိုတိုင်တည်၍ ကျိန်ဆိုပါသည်။ ကျွန်ုပ်၏ သွေးသား၊အသက်နှင့်ဝိဉာဥ်ကိုပူဇော်ပါမည် ။ ကျွန်ုပ်အားခွန်အားပေးသနားပါလော့..."

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now