(၁၆)ငိုတစ်ခါ...ရယ်တစ်လှည့်...

7 0 0
                                    

       ဂျနဒါ နှင့် မျိုးနွယ်ဖွားတို့သည်  သလွန်ထက်မှ မှော်သိင်္ခ ထအလာကို စောင့်မျှော်နေကြ၏။ သူတို့၏ အရှင်
ဈာန်ဝင်စားမှုလျော့ မည်စိုးရွံ့၍ အသံပင်မထွက်ကြ။ ငြိမ်းအေးစွာ ညိမ်ငေးနေကြသည်။

          မှော်သိင်္ခ၏ ကိုယ်တွင်းရှိ ဆံချည်မျှင်သွေးကြောများမှ သည် သွေးပြန်၊သွေးလွှတ် ကြောသေးကြောမကြီးများ အထိ ပရာဏာအာယုဓာတ် တို့ စိမ့်ဝင်သက်ဆင်းနေဆဲ ဖြစ်သည်။

           အသက်ရှုရှိုက်နည်း မှန်ကန်စွာနှင့် စိတ်အာရုံညွတ်ဆင်းမှုအားကောင်းစွာဖြင့် ပရာဏာစီးဆင်းမှုပိုမိုအားကောင်းရန် မှော်သိင်္ခ ပို၍အားထုတ် နေမိသည်။

➖➖➖➖➖➖➖➖

ပရာဏာရှင်းတမ်း...။

( စာပြင်ပမှာ ကျွန်တော်ရှင်းရန်တွေးမိပါသည်။ သို့သော် ဖတ်ရှု့သူနည်းနေသည့်တိုင် ဤဝတ္ထုကို အခန်းပေါင်းများစွားနှင့် ပုံဖော်လိုသည်ဖြစ်၍ ဝတ္ထုထဲတွင် တစ်ပေါင်းတည်း ထည့်၍ ရှင်းလိုပါ၏။ မဟုတ်ခဲ့သော် လောကီပညာ၊မှော်ပညာ၊ ကျင့်စဥ်ကျမ်းများ တီးခေါက်မိသူတို့သာ နားလည်မည်ဖြစ်ပြီး မဖတ်ဖြစ်ခဲ့သူတို့မှာ ပရာဏာဟု ရေးတိုင်းနားမလည်မည် စိုး၍ ရှင်းပြခြင်းဖြစ်ပါ၏။

ပရာဏာ ဆိုသည်မှာ အသက်ဓာတ် ၊ အာယုဓာတ်ဟုအဓိပ္ပါယ်ရ၏။ အိန္ဒိယနွယ်ဖွား ရှေးဟိန္ဒူယောဂီကြီးများ၏ လေ့ကျင့်နည်းဖြစ်သည်။

လူတို့အသက်ရှင်ရန် အောက်စီဂျင်လိုအပ် သည်။ ဤကဲ့သို့ပင် ကမ္ဘာမြေဝန်းကျင်တွင် အောက်စီဂျင်ကဲ့သို့ ယူဆနိုင်သော်လည်း တမူထူးခြားသော အာယုဓာတ်တစ်မျိုးရှိ၏။ ၎င်းမှာ ပရာဏာဖြစ်သည်။

အသက်ကို ထောင်သောင်းမကရှည်စေခြင်းငှာ ကျင့်ကြံပေါက်မြောက်လို၍ဖြစ်စေ၊ ရာကျော်နေစေလို ကျန်းမာစေလို၍ဖြစ်စေ ကျင့်ကြံကြရာတွင် စိတ်မှ ပညတ်သောဓာတ်သာဖြစ်ပါသည်။

ပညတ်ဓာတ်ဟုဆိုရခြင်းမှာ ကျင့်စဥ်ကျင့်ဆောင်ရာတွင်
ဗုဒ္ဓအလိုကျ ကမ္မဌာနလေးဆယ်တွင်ပါသော သမထကျင့်စဥ်များကဲ့သို့ သတိပဌာန်ကိုအားပြု၍ ကျင့်ဆောင်ကာ ဖြစ်တည်လာသော နိမိတ်ပုံကိုမဟုတ်ပါဘဲ ဖန်တီးယူ၍ ထင်ဟပ်သော ပညတ်နိမိတ်ဖြစ်ခြင်းကြောင့်သာ။

You've reached the end of published parts.

⏰ Last updated: Sep 17, 2023 ⏰

Add this story to your Library to get notified about new parts!

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now