(၁၃)ချစ်သက်လက်ဆောင်

11 0 0
                                    

အနန္တသိဒ္ဓိရှင်စနစ်

(၁၃) ချစ်သက်လက်ဆောင်

" ဒီပစ္စည်းတွေက တကယ်ပဲအသုံးဝင်တာလား။ အရမ်းစွမ်းနေတာလား။ ဒီလူတွေကို ပြန်ရှင်စေမှာလား။ နတ်မီးတောက်ပြည်ကိုရော ပြန်ရနိုင်မှာလား...။ ကျုပ်...ကျုပ်ကရော ဒီကမ္ဘာပြန်ရောက်လာပေမယ့် ဘယ်နေရာအသုံးဝင်နေလို့လဲ..."

ရင်ဝ စို့တက်လာသော ပြွတ်သိပ်နေသည့် ခံစားချက်များ။

မှော်သိင်္ခ စကားဆက်ရန်ပင် ထစ်ငေါ့တိုးညင်သွား၏။

သူ့ကိုမပြောမဆို ဓားနှင့်တော့ခဲ့ဖူးသော သုမန။ ဘယ်ကရယ်မသိ၊ ဘယ်သူဟု မသိရဘဲ လက်စွပ်လာပေးခဲ့သော သောမန။

ဘိုးသက္က၏ စကားကြားရသည်တွင် ဘယ်ဘဝက ခံစားချက်ကို ရှေ့တန်းတင်ရမည်မသိတော့ပေ။

ယခုအခါ သုမနသည် သူ၏အသက် သခင် ဖြစ်နေပြန်သည်။ ယခင်ဘဝက အားပေးရာ ဆရာသခင်၊ ယခုဘဝတွင် အသက်ပေးသော ကာကွယ်ရှင်။

ယင်းညီနောင် နှစ်ဦးသည် အရင်ဘဝ မှတ်ဉာဏ်များအရဆိုလျင် သူရိယကုမ္ဘာ ၏ နတ်မီးရှိန်ဝါ တပ်မဟာတွင် ဘယ်လက်ရုံးနှင့် ညာလက်ရုံး တပ်မှူးကြီးများဖြစ်သည်။

ထို့အပြင် သူရိယကုမ္ဘာ ၏ ငယ်ဆရာများလည်း ဖြစ်သည်။ ဆေးအတတ်၊ ဘူတာဝါဟန အတတ်များကို ထိုသူတို့သင်ပေးခဲ့ခြင်း ဖြစ်၏။

ယခင် သူရိယကုမ္ဘာ ဘဝတွင် သူသည် မှော်ပညာကို အထုံရေစက်မပါ။ ပါရမီအလွန်နည်း၏။

မင်းဆွေစိုးမျိုး ၊ မင်းညီမင်းသားဖြစ်သော်လည်း မှော်ပညာသင်ကြားနိုင်ခြင်း မရှိသည့်အတွက် သူအားငယ်ခဲ့ဖူးသည်။

မှော်ပညာ မသင်ကြားနိုင်ခြင်းသည် သူ၏ ပရာဏာစွမ်းအင်သိုလှောင်ရာ ချက္ကရများမှာ မွေးကတည်းက ချိတ်ပိတ်ခံရခြင်းကြောင့်ဟု သိခဲ့ရသည်။

ပြည့်ရှင် သုဒသန ၏ သားတော်အရင်း မဟုတ်ခဲ့သောကြောင့် ဟုလည်း ကောလဟာလများထွက်ခဲ့ဖူးသည်။ တော်ဝင်သွေးသား မစစ်၍ တော်ဝင်ပညာ မသင်ကြားနိုင်ခြင်း ဟု ကဲရဲ့ကြ၏။

ဤစကားများသည်ကား အပြင်သို့မရောက်​ချေ ။ ပြည့်ရှင်နှင့် မိဖုရားကြီးတို့၏ အမျက်တော်ရှမည်စိုး၍ မပျံ့ကားခဲ့ ။ သို့သော် ပြည်လုံးမကျော်ခဲ့သော်ငြား မင်းညီမင်းသားများနှင့် မလိုသူအမတ်များ၏ နုတ်ဖျား စွန်းစွန်းစစထွက်ခဲ့၏။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now