(၈)

9 0 0
                                    

🔹အနန္တသိဒ္ဓိရှင်စနစ်

◾ မှော်နန်း

(၇) " စင်္ကြာဝဠာ ၏ကောင်းချီး"

ရောရှုပ်နေသည့် မှတ်ဉာဏ်တို့က သက်သေတည်ခဲ့သော်လည်း မှော်သိင်္ခ ဒွိဟ ဖြစ်နေဆဲ ။ ရင်ခွင်တွင်းက စန္ဒာ့ကို အကြင်နာအပြည့်နှင့် ပွေ့ဖက်ရသည်မှာ မချင့်မရဲ စိတ် ကြီးစိုးမှုဖြင့်ကသိကအောက် ဖြစ်နေ မိသည်။ စန္ဒာ၏ ဆံနွယ်တို့ကို ခပ်ဖွဖွပွတ်သပ်ရင်း
မသက်သာလှသည့် ခံစားချက်ကို သက်ပြင်းတစ်ချက်ဖြင့် နှင်ထုတ်လိုက်သည်။

" ဟူး......."

ဆို့နင့်ကြွေကွဲမှုလော၊ အားနာစိုးရွံ့စိတ်လောမသိ။ ရင်တွင်းမှ တစ်ဆို့နေသည့် ဝေဒ နာ အနည်းငယ် သက်သာသ ယောင်ရှိသည်။ တိုင်းပြည်အတွက် အားနာမိသည်လား ၊ သစ္စာရှင်စန္ဒာ့ကို သနားမိသည်လား သူမသိ။ ယခင်ဘဝ၏ မှတ်ဉာဏ်သည် ယခုဘဝ မှော်သိင်္ခကို ချောက်ချားစေသည့် စိန်ခေါ်စာ ကမ်းထားသည့်အတွက်လည်း ဖြစ်နိုင်သည်။

" ငါ... ဘာဆက်လုပ်ရမှာလဲ ၊ သူရိယကုမ္ဘာ ဆိုတဲ့ စစ်ပွဲနတ်ဘုရားရဲ့ ဘဝဟောင်းက အခုငါ့အတွက် တိုက်ပွဲခေါ်စာဖြစ်လာပြီ။ ပြီးတော့ ငါပြန်သိရတဲ့ မှတ်ဉာဏ်တွေက ဘဒ္ဒကမ္ဘာ မှာရှိနေချိန်က အိပ်မက်နဲ့ တထေရာထဲပဲ။ တိုက်ပွဲတစ်ခု။ ဒီတိုက်ပွဲ ကို ငါသိသိနဲ့မိုက်ခဲ့တာပဲ။ သိသိနဲ့ တိုက်ခဲ့တာပဲ။ ငါဥပရာဇာတစ်ယောက်အနေနဲ့ တိုက်ခဲ့တဲ့ ပထမဆုံးနဲ့နောက်ဆုံး ဖြစ်ခဲ့တဲ့တိုက်ပွဲဆိုရမှာ။ ငါပြန်လာနိုင်ခဲ့ပေမယ့် ၊ ခုအချိန်မှာ ငါကလူသစ်ပဲ၊ အလှမ်းဝေးနေတဲ့ကာလတွေမှာ ဒီကမ္ဘာကြီးလည်းပြောင်းလဲနေမှာပဲ ။ မှော်ပညာကိုရူးသွပ်တဲ့ ကမ္ဘာကြီးအဖြစ်ပြောင်းခဲ့လို့ ငါသေခဲ့ရတာ။
ဒါပေမယ့် ငါမသိတာတွေထဲမှာ ငါ့နောင်တော် ဟိန္ဒက ဘာလို့ ငါ့ကို နောက်ကျောက ကြံစည်သူဖြစ်နေခဲ့တာလဲ ဆိုတာပဲ ။ ခမည်းတော်၊မယ်တော် တို့ရော ဘာဖြစ်သွားကြပြီလဲ.....၊ စန္ဒာကရောဘာလို့ အတိတ်မေ့ရတာလဲ၊ ဒါပေမယ့်စန္ဒာက....."

"မောင်တော် "

အတွေးစတို့၏ ခေါ်ဆောင်ရာနောက်သို့ မျောလွင့်နေချိန် ရင်ခွင်တွင်းက သံယောဇဥ်နွယ်ပင်လေးကို လျစ်လျူရှုမိသည်။ စန္ဒာ၏ အေးမြမြချိုလွင်လွင် အသံလေးကြောင့်သာ မှော်သိင်္ခ သတိပြန်ကပ်၏။

အနန္တသိဒ္ဓိ ရှင်စနစ်Onde histórias criam vida. Descubra agora