(၃)ဘာတွေလဲကွာ

24 4 2
                                    

" အနန္တသိဒ္ဓိ "

-မှော်နန်း

  (၃) ဘာတွေလဲကွာ.....

           " ဟေး...ဟေး....မင်းငါ့ကိုလိုက်မမှီပါဘူးကွ...ဟားဟား....ခစ်ခစ် "

       " မင်းက ပြေးပဲပြေးနေတာ ငကြောက် ၊ ငါကနဂါးမာန်ဧကရာဇ်ကွ ဟားဟား...မပြေးနဲ့ "

ဂန္ဓရ တောင်ခါးပန်း ရှိကွင်းပြင်ကျယ်တွင် ကလေးများ ပြေးလွှားဆော့ကစားနေ၏။ သည်ဝန်းကျင်တွင် မှိုင်းမှိုင်းအုပ်အုပ် တောသည်မရှိ။ လေသန့်ရှင်းရှင်းရ၏။ နေရောင်ထင်းထင်းကျ၏။ ထိုကွင်းပြင်ကျယ်၏ အစွန်သည်ကား ချောက်ကမ်းပါးကြီး ဖြစ်သည်။

ထိုချောက်ကမ်းပါးစပ်တွင် လူကြီးပေါင်လုံးခန့် သစ်လုံးများကို တံတိုင်းပမာ စိုက်ထူထား၏။ သစ်တံတိုင်းလော။ စည်းရိုးလောမသိ။ ထိုသစ်တိုင်များမှာ ကွင်းပြင်ကျယ်၏ ဧရိယာပတ်လည် ရှိသည်။ လူကြီးနှစ်ရပ်စာ အမြင့်ရှိ၏။ သစ်လုံးတစ်လုံးနှင့်တစ်လုံးကြား လေဝင်ပေါက်ပင်မထား။ စိုက်ထူထားပုံမှာ သေသပ်လွန်းလှသည်။

ကွင်းပြင်ကျယ်၏ အရှေ့ဘက်ယွန်းယွန်းတွင်  လူကြီး ငါးယောက်ဖက်စာခန့်ရှိသော ညောင်ပင်ကြီးရှိသည်။

" ဟိုကလေးတွေ ၊ နောက်တစ်ခါ အဲ့စကား​ပြောရင်၊အရိုက်ခံရမယ်နော်၊ တခြားစကားနဲ့ဆော့ကြ"

ေညာင်ပင်ကြီးသည် တောင်ခါးပန်းစွယ်၏အငူပေါ်တွင် ပေါက်နေခြင်းဖြစ်၏။ ထိုအငူ ညောင်ပင်အောက်ရှိ ကျောက်ဆောင်လေးပေါ် ထိုင်နေသည့် မျိုးနွယ်စုခေါင်းဆောင်မှာ လှမ်း၍ငေါက်လိုက်သည်။ ကလေးငယ်များလည်း အသံတိတ်စွာ ခဏတာမှင်သက်သွား၏။ သူတို့စကား မှားသည့်ဟန့်ဖြင့် ဖွေးလွလွ ဖောင်းကစ်ကစ် လက်ကလေးများနှင့် ပါးစပ်ကိုပိတ်လိုက်ကြသည့် သူတို့ဟန်မှာချစ်စရာ။

" နောက်မပြောတော့ပါဘူး...မျိုးနွယ်ဝန် ဘိုးဘိုး "

အသက်လေးနှစ်အရွယ် ဆံနွယ်ကြက်တောင်စီးကလေးနှင့် ကလေးတစ်ယောက်မှ သူမှားကြောင်းဝန်ခံလိုက်၏။

" ကောင်းပြီ ကလေးတို့ သွားသွား ၊ အခြားကစားနည်းသာဆော့ကြ"

မျိုးနွယ်ခေါင်းဆောင်သည် ကျောက်ဆောင်ပေါ်မှ ထိုင်၍ အဝေးသို့ငေးကာ တစ်စုံတရာကို လွမ်းမောဟန်ဖြင့် ကြည့်နေတော့သည်။ ညောင်ပင်ကြီး၏ လုံးပတ် ဘေးနှစ်ဖက်တွင်တော့ စည်းရိုးတိုင်လုံးတို့မရှိ။ ဆယ်လံစာမျှ ဘယ်ညာနှစ်ဖက်လုံး လွှတ်ထား၏။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now