(၂)နတ်ဘုရားကဘယ်ကောင်လဲ

66 7 2
                                    

" အနန္တသိဒ္ဓိ "

     - မှော်နန်း

         (၂) နတ်ဘုရားက ဘယ်ကောင်လဲ

            " ဖျောက်.... ရှဲ...ရှဲ...ဖျပ်ဖျပ်
ဝု့...ဝု့..ဝူး..ဝူး "

      မှော်သိင်္ခ အပင်ပေါ်မှာ သောင်တင်နေစဥ် တော၏ တစ်နေရာမှ သစ်ကိုင်းခြောက်များကိုနင်းသံ၊ သစ်ရွက်များကြား တိုးလာသောအသံ များကို ကြားလိုက်ရ၏။

ခြုံများ၊ နွယ်များ၊ ပင်ကြီးပင်ငယ်ကအသွယ်သွယ်၊ မြင့်မြင့်နိမ့်နိမ့် အရွယ်စုံ။
ဆူးရုံ ဆူးခက် ဆူးပင်တို့မှာ နေရာနှင့်အမျှ။ မိုးမရွာလေမတိုက် ဆိတ်​ငြိမ် လှသည့်တောအတွင်း သည်အသံတို့က ထိတ်လန့်စရာ။ အပင်ငယ်တို့နှင့် ခြုံနွယ်များကို တွန်းလှဲခံရသယောင် ဆူဆူညံညံ ရုတ်ရုတ်သဲသဲ။

တောတိုးသံနှင့်အတူ လှုပ်ရှားနေသည့် ခြုံနွယ်အုပ်အုပ်တို့က သူ့ဆီကို ဦးတည် ရွေ့လျားလာသည့်ပုံ။တောတိုးသံသည် ပို၍ နီးလာသည်။ အကြောက်တရားသည် ဆိုဖွယ်ရာ မရှိ။

မည်သို့မှန်း မသိခင် အသက်ကုန်ရတော့မည်လော။ လှုပ်ရှားနေသည့် အပင်များ ငြိမ်သွားသည်။ ရုတ်ချည်းပင် တောတိုးသံတို့ အလွန် နီးကပ်သည့်နေရာက ပေါ်လာပြန်သည်။

              " သံဗုဒ္ဓေ...သံဗုဒ္ဓေ"

ဘာသာရေးလိုက်စားပါသော မှော်သိင်္ခ။ တောကြီးမျက်မဲထဲမှ အသံကိုကြားသောအခါ အရာရာ မေ့မေ့လျော့လျော့ ။ သစ်ပင်ကြီးကိုသာ ကျစ်ကျစ်ပါအောင် ဖက်ထား၏။ အချိန်က ညနေလေးနာရီ။

        " ကျားလားဘာလား...၊ မဟုတ်သေးဘူးတောထဲရောက်ရင် ကျားကို ဟင်းမျိုးလို့ခေါ်ရတယ်တဲ့ "

       ကြားနေရသော အသံတို့မှာ သူနှင့်နီးသည်ထက်ပိုနီးလာသည်ဟု ထင်နေရပြီ။ တောနင်းသံများကြားမှ မပီဝိုးတဝါး စကားသံသဲ့သဲ့ကို ကြားရ၏။ လူအုပ်တစ်စု ညာသံပေးနေသ ကဲ့သို့။

တက်ခဲ့သောသစ်ပင် ၊ ရောက်နေသည့်တော၊ တောပဋိသန္ဓေတည်ရာ ဤတောင်ထွတ် မည်မှမြင့်သည်ကိုလည်းမသိ ။ ပတ်လည် ဆယ်လံအကွာ ကိုသာမြင်နိုင်ပြီး တစ်တောင်လုံးဖုံးနေသည်က မြူခိုးမှောင်မှောင် ရစ်ခွေနှောင်နေသည်ကိုသာ။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now