အပိုင်း (၁)

8.2K 441 52
                                    

"စိန်ပန်းတို့အားသက်သေတည်ရျ်"Fic တွင်ပါဝင်သည့် ကျေးရွာ၊ရှုခင်း၊ဇာတ်ကောင်၊ဇာတ်လမ်းများအားလုံးသည် စာရေးသူမိမိ၏စိတ်ကူးသာလျှင်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ခြင်းမရှိပါရှင်။ဇာတ်လမ်းတစ်ပုဒ်သာလျှင်ဖြစ်ပြီးတူညီခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါကြောင်း၊စိတ်ကူးဖြင့်ရေးသားထားသည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း ဦးစွာပြောပါရစေ။ကျေးရွာဇာတ်လမ်းလေးမလို့ဖတ်ရှုပေးပါအုံးနော်။💙

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁)

"စိန်ပန်းနှစ်ပင်ရွာက ဒီကနေအတော်ဝေးသေးလား အန်တီ"

"ဝေးသေးတယ်၊ဒီကနေဆိုင်ကယ်နဲ့နာရီဝက်လောက်သွားရင် ကူးတို့ဆိပ်တစ်ခုတွေ့လိမ့်မယ်။အဲ့ဒီကူးတို့ဆိပ်ကနေတစ်ဖက်ကမ်းကိုကူးပြီးဆိုင်ကယ်နဲ့နှစ်နာရီလောက်မောင်းရလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်။"

"အခုမှဒီဘက်ကိုရောက်ဖူးတာနဲ့တူတယ်၊"

"ဟုတ်ပါတယ်အန်တီ၊သွဲ့ကအခုမှဒီဘက်ကိုရောက်ဖူးတာပါ။စိန်ပန်းနှစ်ပင်ကို တာဝန်ကျတာမလို့၊တစ်ဖက်ကမ်းမှာတော့ သူတို့စောင့်နေမယ်ပြောတယ်"

"ဒါဆို အန်တီ စိတ်ချရတဲ့ဆိုင်ကယ်တစ်စီးငှားပေးလိုက်မယ်နော်"

"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်အန်တီရယ်၊သွဲ့ ဒီဘက်တွေမရောက်ဖူးတော့ ယောင်လည်နေတာ"

မုန့်ဆိုင်မှထိုအန်တီ၏ကျေးဇူးဖြင့် သွဲ့ကူးတို့ဆိပ်အားဆင်းရန် ဆိုင်ကယ်ရလေသည်။ကျေးဇူးတုန့်ပြန်သောအားဖြင့် ထိုအန်တီကြီးဆီမှ အကြော် နှစ်ထောင်ဖိုးအားပေးလာခဲ့သည်။ဒါက လုံလောက်တဲ့ ကျေးဇူးတုန့်ပြန်မှုတော့မဟုတ်ပေ။နာရီဝက်ခန့်မောင်းပြီးသည့်အခါ ရေပြင်ကျယ်အား လှမ်းမြင်ရသည်။ဒီမြစ်ဟာ ဧရာဝတီမြစ်ဖြစ်ပင်။မြစ်တစ်ဖက်ကမ်းကူးဖို့ ထိုဆိုင်ကယ်သမားကပင်အကုန်ကူညီပေးလေသည်။

"သွဲ့ ကျေးဇူးတင်ပါတယ်နော်။အန်တီကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါအုံးနော်"

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now