အပိုင်း (၁၅)

2.2K 265 37
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၅)

"ဟဲ့ ဘာလို့တစ်ယောက်ချင်းမလာဘဲ လူအုံနေရတာလဲ"

"ဆရာမအနားနေချင်လို့"

"တုတ်နဲ့လှမ်းပစ်လိုက်လို့နာအုံးမယ်။"

ပုံမှန်ဆိုစာလာမပြတဲ့သူတွေက​တောင် ဒီနေ့စာတွေဝိုင်းအုံပြီးလာပြလို့ မြသွေးမှာအံ့သြနေရသည်။

"စိုင်းကျော် နင်တို့ ဆေးမှားသောက်လာတာလား ဒီနေ့"

"ဟဲ မဟုတ်ပါဘူး ဆရာမကလည်း"

"ရုပ်ကိုက ပြောင်ချော်ချော်နဲ့ လုပ်လိုက်ရ နာတော့မယ်"

"ဆရာမကလည်း စိတ်ကြီးပဲ။အဲတာကြောင့်..."

"အဲတာကြောင့်ဘာဖြစ်လဲ ဆက်ပြောကြည့်စမ်း"

"အဲတာကြောင့် သားတို့ဆရာမက လှနေတာလိို့ပြောတာပါ "

မျက်စောင်းတစ်ချက်အားခဲပြီးနောက် ထပ်ထားသည့်စာအုပ်များအား တစ်ခုစီစစ်ပေးနေမိသည်။

"ရေး...."

"ဟဲ့!!ဘာဖြစ်.."

စာစစ်နေရင်းအော်လိုက်သံကြောင့် မြသွေးလန့်သွားကာအော်လိုက်မိသည်။

"ဘာလို့အော်ကြတာလဲ"

ဘေးတစ်ဖက်တစ်ချက်စီလူခွာလိုက်တော့ တံခါးဝတွင်ရပ်နေသည့်သွဲ့အားမြင်လိုက်ရသည်။

"Happy Birthday ပါအစ်မ"

"သွဲ့က ဘယ်လို.."

နေမကောင်းလို့ကျောင်းခွင့်ယူသည်ဆိုကာ အိမ်မှာကျန်နေခဲ့တဲ့သူက မွေးနေ့ကိတ်ကိုင်ကာ ရှေ့တွင်ရောက်လာတာကြောင့် မြသွေးမှာအံ့သြရသည်။

"ပျော်ရွှင်ဖွယ် ၃၃ နှစ်ပြည့်မွေးနေ့လေးပါ အစ်မ"

လက်ခုပ်တီးသံများမှာ ဆူညံလာသည်။ကလေးများရဲ့ တစ်ယောက်တစ်ပေါက် မွေးနေ့သီချင်းသီဆိုသံများအားလည်းကြားရသည်။

"မွေးနေ့ရှင် ဆုလေးတောင်းပြီးဖယောင်းတိုင်မီးလေးမှုတ်ပါအုံး"

စိန်ပန်းတို့အားသက်သေတည်ရျ်Dove le storie prendono vita. Scoprilo ora