အပိုင်း (၂)

2.5K 313 38
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၂)

သွဲ့နိုးနေပေမဲ့မျက်လုံးအားမဖွင့်သေးဘဲအောက်ထပ်ဆီက သဲ့သဲ့ကြားရသည့်အသံကလေးအား နားစွင့်မိသည်။အစ်မ၏ဘုရားရှိခိုးသည့်အသံပင်။ဘယ်အချိန်တည်းကများထသလဲမသိ။ဘုရားရှိခိုးသံဆုံးသည့်နောက် သွဲ့လည်း အိပ်ရာအားစနစ်တကျသိမ်းလိုက်သည်။အစ်မ၏အိပ်ရာကတော့ သိမ်းထားပြီးသားပင်။ကိုယ့်အနားကလူထသွားသည်ကိုတောင်မသိနိုင်လောက်အောင်ပင် သွဲ့အိပ်မောကျနေခဲ့သည်။

"နိုးပြီပဲ၊မျက်နှာသစ်ပြီးရင် ထမင်းလာစားနော်၊တို့ပြင်ထားလိုက်မယ်"

"သွဲ့ကို ဧည့်သည်လိုလုပ်မနေပါနဲ့အစ်မရဲ့၊နောက်ဒီမှာအကြာကြီးနေရအုံးမှာကို၊"

"တို့လုပ်နေပေးနေကျပါ၊ကဲ..မျက်နှာသွားသစ်နော်"

"ဟုတ်"

မျက်နှာသစ်ရန်လိုအပ်သည့်ပစ္စည်းများအားယူပြီးလှေကားထိပ်ရောက်မှ သွဲ့သတိရကာ အစ်မအားခေါ်မိသည်။

"အစ်မ"

"ဟင်၊ဘာလိုလို့လဲ "

"အရင်လည်း ဒီမှာ ဆရာမတွေတည်းနေခဲ့ဖူးတာလားဟင်"

"ဟင့်အင်း ၊မနေဖူးပါဘူး ဘာလို့လဲ"

"ခုနက အစ်မက လုပ်ပေးနေကျဆိုလို့လေ၊အဲ့တာ.."

သွဲ့ ပြောရင်း ပြုံးမိသည်။တကယ်ဆို ဒီစကားကို သွဲ့မေးဖို့မှမလိုအပ်ဘဲလေ။ဘာလို့များမေးမိသလဲမသိ၊တကယ်ပါပဲ။နားထင်စပ်အားလက်ညှိုးနဲ့ပွတ်ထိရင်း အစ်မအား ရယ်ပြမိသည်။

"ဟို...သွဲ့ မျက်နှာသွားသစ်တော့မယ်"

ရှက်ကိုးရှက်ကန်းဖြင့်ထွက်သွားသည့်ကလေးမအားကြည့်ကာ မြ ပြုံးလိုက်မိသည်။တကယ့်ကိုကလေးလေးအတိုင်းပင်။

"ဒေါ်ပန်းသွဲ့မိုးလား"ဆိုပြီး မြမေးတုန်းက ကြောင်ငေးသွားသည့်မျက်နှာကလေးအား မျက်ဝန်းထဲ ဖျောက်မရ။အထုပ်နှစ်ထုပ်ကိုဆွဲပြီး လူကောင်သေးသေးလေးနဲ့ ဆရာမပါဆိုတာ ယုံစရာမရှိ။ဆံပင်ရှည်နေလို့သာမဟုတ်ရင် အထက်တန်းကလေးလို့ပြောရင်ယုံလောက်မည်။အပေါ်တက်ခါနီးလည်း သဲပူမှာစိုးပြီး အပြေးအလွှားတက်ပုံကိုကြည့်ပြီး မြ ပြုံးမိသေးသည်။ကလေးတွေနဲ့ကလေးသာသာ ဆရာမလေးနဲ့တော့ တွေ့ကြတော့မည်။

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now