အပိုင်း (၅)

2.1K 257 15
                                    

စိန်ပန်းတို့အား သက်သေတည်ရျ်
အပိုင်း (၅)

မေလဟာ မိုးဦးစတင်ပြီး မိုးအနည်းငယ်စကာရွာသွန်းဖြိုးသည့်ကာလတစ်ခုပင်။အခုလည်း တစ်နေကုန်မိုးအုံ့နေရာမှ လေအေးတစ်ချို့ဟာ တိုက်ခတ်လာပြီ။ခဏအကြာမှာတော့ မိုးစက်မိုးပေါက်တွေကျဆင်းလာတော့မှာပင်။မိုးတွေရွာတော့မည့်ဟန်အားမြင်တော့ အစ်မအားသတိရမိသည်။အစ်မတို့ ပြောင်းစေ့တွေ မိုးရွာရင် လုံပါ့မလား တွေးပူမိသည်။

"သွဲ့ရေ..မေမေ့ကိုဆိုင်ကူသိမ်းပါအုံး"

"ဟုတ်ကဲ့မေမေ လာပြီ"

မေမေက အိမ်ရှေ့မှာစျေးဆိုင်လေးတစ်ခုတည်ထားလေသည်။အပိုဝင်ငွေလေးရအောင်၊နောက်ပြီး စျေးရောင်းနေရတော့ သူအပျင်းလည်းပြေသတဲ့လေ။ဟုတ်တော့လည်းဟုတ်ပါသည်။သွဲ့ဟာ တစ်လျှောက်လုံးကျောင်းနှင့်အိမ်၊အိမ်မှင့်ကျောင်း ကူးသန်းနေခဲ့ရတာ။မေမေ့ညီမကအိမ်မှာလာနေပေးလို့တော်သေးသည်။အခုလည်း တာဝန်ကျတော့ တနယ်တကျေးရပ်ရွာတစ်ခုမှာ။တစ်ပတ်တစ်ခါတောင်ပြန်ဖို့မလွယ်တာမလို့ စျေးဆိုင်လေးရှိနေတာဟာ အဆင်ပြေလှသည်။

"ဟင်! ကိုကို ဘယ်ကလှည့်လာတာလဲ"

"ဘယ်ကမှလှည့်မလာဘူး။ဒီကိုပဲလာတာ မိုးရေထဲထွက်ချင်တဲ့ကလေးတစ်ယောက်ကိုလာခေါ်တာ"

"ဟာ ကိုကိုနော်။ဘယ်မှာကလေးလဲ သွဲ့က ဆရာမဖြစ်နေပြီ မမေ့နဲ့အုံး ဟွန့်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဆရာမပေါက်စရယ်၊ကလေးတွေနဲ့ပြိုင်ကောက်မဲ့ဆရာမ"

"ကိုကိုနော်!"

မေမေ့ဆိုင်ကလေးအား ကူသိမ်းပေးပြီးသည့်အချိန်တွင်ပင် မိုးစက်မိုးပေါက်များ စတင်ကျဆင်းကာရွာသွန်းတော့သည်။ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးအေးမြကာ သွားပြီး သစ်ရွက်တို့လည်း စိမ်းစိုလန်းဆန်းနေတော့သည်။နာရီဝက်နီးပါးအငြှိုးကြီးစွာရွာပြီးနောက် ကောင်းကင်ဟာ သူမဟုတ်သလိုပင် လင်းနေတော့သည်။အငြှိုးနဲ့ရွာတယ်ဆိုပေမဲ့အရမ်းတော့မသည်းလှ။မြေပြင်တွင် ဖုန်တွေတော့အကုန်သိပ်သွားတာကောင်းလှသည်။

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now