အပိုင်း (၁၁)

2.5K 312 31
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၁)

"မြသွေးရော..."

"လာပြန်ပြီနောက်တစ်ယောက်၊ငါတို့လည်းအသက်ရှိပါသေးတယ်။ဝင်လာလိုက်တာနဲ့မြသွေးပဲတန်းမေးနေတော့တာပဲ"

"မှုံကခုမှမေးတာလေ၊ဘယ်သူကမေးသေးလို့လဲ"

"ဘယ်သူရှိရမလဲ သွဲ့ပေါ့၊ဝင်လာတာနဲ့ အစ်မရော ဆိုတာကစတာပဲ"

"သြော်၊ အခုဘယ်ရောက်သွားကြလဲ"

"ခရေပန်းသွားကောက်မယ်ပြောတယ်"

"ဟုတ်"

"ဆရာမ..."

"ဘာလဲ၊မြသွေးပဲလား မရှိဘူး ပန်းသွားကောက်တယ်"

"မဟုတ်ပါဘူး၊ဆရာမကို ဆရာမကြီးကခေါ်ခိုင်းလိုက်လို့ လာပြောတာ"

"ငါ့အလှည့်ကျ ဆရာမကြီးတဲ့လား။လာခဲ့မယ်"

ရယ်သံသဲ့သဲ့ထွက်တော့ ဆရာမ ဒေါ်သီနွယ်က မျက်စောင်းခဲသည်။သူမျက်စောင်းခဲမှတစ်ခန်စလုံးက ပွဲကျတော့သည်။

"ခရေပန်းတွေအများကြီးပဲနော် အစ်မ၊မွှေးနေတာပဲ။သွဲ့ဒီနေရာကိုခုမှသိတယ်"

"ဒါကလေးတွေကောက်သွားလို့ ဒီလောက်ပဲကျန်တာ၊မဟုတ်ရင် မြေပြင်တစ်ခုလုံးခရေပွင့်ကြွေတွေပဲ"

တစ်ရှူးစပေါ်တွင်စုတင်ထားသည့်ခရေပွင့်ကလေးများအားတစ်ချက်နမ်းရှိုက်လိုက်မိသည်။မွှေးရနံ့မှာရင်အေးစေသည်။အစ်မရဲ့ဆော်သြမှုကြောင့် ကျောင်းခြံထောင့်ရှိခရေပင်ကြီးဆီ သွဲ့တို့ရောက်နေခြင်းသာ။အစ်မက ခရေတစ်ပွင့်ကောက်လိုက်၊သီလိုက်ဖြင့်အလုပ်များနေသည်။သွဲ့ကတော့ တစ်ရှူးပေါ်ကိုသာကောက်ထည့်သည်။

"အစ်မ ခရေပန်းကြိုက်တာပဲလား"

"တို့က ပန်းမှန်သမျှအကုန်သဘောကျတယ်၊ဆယ့်နှစ်လရာသီတိုင်းမှာ ပွင့်တဲ့ဆယ့်နှစ်လရာသီပန်းတွေကို တို့နှစ်သက်တယ်"

"ဆယ့်နှစ်လပွင့်တဲ့အချစ်ပန်းဆိုရင်ရော"

"တစ်လတစ်မျိုးနဲ့ဆယ့်နှစ်မျိုးအချစ်လား"

"မဟုတ်တာ၊ဆယ့်နှစ်လရာသီလုံးမှာတစ်မျိုးပဲပွင့်တဲ့အချစ်ပန်းကိုပြောတာ"

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now