အပိုင်း (၇)

1.9K 315 13
                                    

ယခု Ficတွင်ပါဝင်သည့် ပညာရေးစနစ်သည် KG+12 ဟူသည့် သင်ရိုးညွှန်းတမ်းအသစ်အားလေ့လာအခြေခံကာရေးသားထခြင်းဖြစ်ပါသည်။ထို့အတွက်ကြောင့် စနစ်ဟောင်းပညာရေးနှင့်ကွဲလွဲမှုအချို့ရှိနိုင်ပါသည်ရှင်။

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၇)

"နာမည်ဘာပါလိမ့်..ဟိုဟာ အသစ်ကလေးရေ"

အသစ်ကလေးဆိုသည့်ခေါ်သံကြောင့် လက်ထဲမှစာရွက်တပွေ့တပိုက်ဖြင့် သွဲ့လှည့်ကြည့်လိုက်မိသည်။အသစ်ဆိုရင် သွဲ့ပဲရှိတာမလို့ သွဲ့အားခေါ်သည်မှန်းသေချာလေသည်။

"ဖောင်စာရွက်တွေကအဲ့ဘက်မှာရှိလား ညီမလေး"

"ရှိတယ်ဆရာမ၊ဆရာဦးသက်ခိုင်ဆီမှာ ယူရမယ်လို့ပြောတယ်"

"သြော်၊အဲ့တာဆိုပြီးမှ သက်ခိုင်ဆီလာယူတော့မယ်"

သွဲ့လည်းနှုတ်ဆက်ပြုံးပြကာ နားနေခန်းဆီပြန်လျှောက်လာမိသည်။

"လဲ့လဲ့ တို့ကဘယ်မှာအပ်ခံမှာလဲ၊အခန်းရှေ့လား ဒီနားလား"

"ဒီနားနေခန်းနားမှာပဲလက်ခံတော့မယ်၊ဟိုဘက်မရွှေ့တော့ဘူး"

"အင်းပါ၊ဒါဆို သွဲ့ လည်းဒီနားမှာပဲလက်ခံလိုက်နော်၊အဖော်ရှိအောင်၊လဲ့လဲ့တို့ရေ သွဲ့ကိုကူပေးပါအုံးနော်"

"စိတ်ချ၊စိတ်ချ"

"ဒါဆို အစ်မ သွားတော့မယ်နော်သွဲ့၊တစ်ခုခုလိုရင် ဒီကအစ်မတွေကိုပြောနော်"

"ဟုတ်ကဲ့အစ်မ"

အစ်မတို့ G6/7/8/9တွေက ဟိုဘက်ခြမ်းတွင်လက်ခံမှာမလို့ အသီးသီးထွက်ခွာသွားကြတော့သည်။နားနေခန်းရှေ့တွင် G3/4 ဆရာမနှစ်ယောက်နှင့်သွဲ့၊တစ်ဖက်ထောင့်တွင်တော့ KG/G1/2 ဆရာ၊ဆရာမများဖြစ်သည်။ကျောင်းသားထိုင် ထိုင်ခုံရှည်တစ်ခုစီအား စီချပြီး ကျောင်းသားများလာမည့်အချိန်အားမျှော်နေမိသည်။နာရီအားကြည့်မိတော့ ရှစ်နာရီပင်မထိုးသေးပေ။

"စာကြည့်တိုက်ဖွင့်ပြီထင်တယ်၊ သွဲ့ရေ စာအုပ်တွေသွားယူရအောင်"

"ဟုတ်ကဲ့"

သွဲ့တို့အဆောင်၏ဘေးတွင် သီးသန့်တည်ဆောက်ထားသည့်စာကြည့်တိုက်ကလေးရှိသည်။တစ်ခါမှအထဲကိုတော့မရောက်ခဲ့ဖူးပေ။

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now