အပိုင်း (၈)

2.1K 301 18
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၈)

"နာမည်လေးတဟ်ချက်ပြောနော်"

လက်ထဲမှစာရင်းစာရွက်အားဖြည့်ရေးနေရင်း မော့မကြည့်ပါဘဲ သွဲ့ပြောလိုက်မိသည်။

"ဟဲ့ ဆရာမမေးနေတယ်၊ဖြေလိုက်လေ "

ဒေါသသံပါနေတာကြောင့် သွဲ့ မော့ကြည့်လိုက်မိတော့ အမျိုးသမီးတစ်ဦးနှင့်ကလေးမလေး။

"ခင်..ပိုး..ငယ်"

တစ်လုံးချင်းတိုးညှင်းစွာထွက်လာသည့်အသံကလေးအဆုံး သွဲ့မျက်ဝန်းတို့ဝိုင်းစက်သွားရသည်။

"ခင်ပိုးငယ်..၊ ပိုးငယ်"

စိတ်ထဲမှရေရွတ်လိုက်ရင်း ကလေးဆီအကြည့်တစ်ချက်ပို့မိသည်။ခေါင်းအားငုံ့ကာရပ်နေတာမလို့သေချာမမြင်ရ။လူကောင်ကတော့ အနည်းငယ်ထွားသည်။အစ်မပြောစကားအရ နှစ်အောက်ခဲ့ဖူးသည်တဲ့။ဒါကြောင့် အနည်းငယ် Grade5 ကလေးအရွယ်ထက်ကြီးနေသည်ဟုထင်ရခြင်းသာ။

"သမီးလေး..ဖောင်ဖြည့်မယ်နော်"

ပြောပြီးကာမှ သွဲ့ ထိတ်လန့်သွားရသည်။အတွေးထဲဝင်လာသည်မှာ စာရေးတတ်ရဲ့လား ဆိုတာပင်။ဖောင်စာရွက်အားယူကာ တစ်ဖက်ခုံသို့ကူးသွားပြီးရေးနေလေသည်။ရေးတတ်ရဲ့လားလို့မေးလိုက်ဖို့ကလည်းမလွယ်ပင်။မှားနေရင်ပြင်ပေးလိုက်မည်ဟုသာ စိတ်ထဲတွေးလိုက်မိသည်။

"ခင်ပိုးငယ် စာမလုပ်ဘူးနော်"

ဘေးမှဆရာမပြောလိုက်သည့်စကား။

"ပြောတာပဲ ပြောမရဘူးဆရာမရယ်၊သူ့မိဘတွေကလည်းမပြောဘူး။ကျွန်မကလည်းသူတို့အိမ်ဘက်သိပ်မရောက်ဖြစ်တော့ သူတို့အဘနဲ့သူတို့ဇာတ်ကနေတော့တာပဲ"

"ဒီနှစ်ကခရိုင်စစ်ဆိုတော့ သူလုပ်မှရမှာ။အတန်းထဲလည်းစကားလည်းမပြော၊စာလည်းမလုပ်တော့ တော်တော်ကိုမပြေတာ"

"သူ့အမေနောက်ရက်ထဲပြန်လာမယ်ပြောတယ်ဆရာမရယ်၊ပြောထားလိုက်မယ်"

အဘနှင့်နေတာတဲ့။ဟုတ်သားပဲအစ်မပြောခဲ့ဖူးသည်။သူမအဘရယ်၊ညီမလေးရယ်၊အဒေါ်ရယ် နဲ့အတူနေကြသည်တဲ့။အိမ်မှုကိစ္စတွေလည်းလုပ်ရသတဲ့လေ။

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now