အပိုင်း (၁၉)

2.3K 215 21
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၉)

"ဒီဆယ့်တစ်လပိုင်းထဲ စာကြည့်တိုက်ဖွင့်ပွဲရှိတယ်နော်"

"ဘယ်နေ့လဲဆရာမကြီး"

"၂၇လောက်လုပ်မလားလို့နောက်ရက်ကျအစည်းအဝေး၊လစာထုတ်နဲ့ဆိုတော့"

"လူကြီးတွေလည်းလာမှာပေါ့"

"ဖိတ်ရမှာပေါ့။ဖွင့်ပွဲနေ့ကျ သမီးလေးယောက်ကို ပွဲထုတ်ရမယ် နော်"

"ဘယ်သူတွေလဲ"

"ကျောင်းရဲ့ အချောလေးယောက်၊အပျိုလေးယောက်ကို"

အစ်မ၊မမမှုံ၊သွဲ့နှင့်မမနွယ် တို့အားပြောတာမလို့ သွဲ့တို့မှာရယ်မိကြသည်။

"အငယ်နှစ်ယောက်ကိုပဲထုတ်လိုက်ပါ...။မှုံတို့က ပွဲထုတ်လည်းမရတော့ဘူး ဆရာမကြီးရေ။အပျိုကြီးစာရင်းထဲကို ယာဥ်မလိုဘဲ ရောက်သွားပြီ"

မမမှုံအပြောကြောင့် ဆရာမကြီးနှင့်တကွနားနေခန်းထဲရှိဆရာမများပါရယ်မိလိုက်ကြသည်။တကယ်ကိုပြောတတ်သည့်မမှုံ။ခက်တာက အစ်မက အပျိုကြီးဖြစ်မှာမဟုတ်ဘူးဆိုတာ မမမှုံမသိတာပင်။

"မေ့နေတာ သွဲ့တို့အပြောင်းအရွှေ့တွေလာတော့မယ်လို့ပြောတယ်နော်"

"ဟုတ်ကဲ့ဆရာမကြီး။သမီးလိုင်းပေါ်မှာတော့ တွေ့လိုက်တယ်"

"အဲတာကြောင့် ပန်းသွဲ့မိုးတစ်ယောက်ဒီရက်အရမ်းပျော်နေတာကို"

"ဟာ!မဟုတ်တာပါနော်...။သွဲ့က ကျောင်းတက်ဖို့ရှိလို့သာအပြောင်းအရွှေ့တင်ရတာပါ။မဟုတ်ရင် ဒီမှာပဲနေပါတယ်"

"ဒီရွာသူလုပ်မယ်ပေါ့"

"ဆရာမကလည်း...."

အပြောင်းအရွှေ့ကိစ္စအားပြောလိုက်လို့ထင်ရဲ့။အစ်မရဲ့မျက်နှာကလေးက ညှိုးနွမ်းသွားတော့သည်။တကယ်ဆို သွဲ့လည်းမပြောင်းချင်ပါ။ဒါပေမဲ့ အဝေးသင်ဆက်တက်ဖို့ကျ ဒီကနေတက်ဖို့ကသွဲ့အတွက်မပြေပါ။အဲတာကြောင့်နီးစပ်သည့်နေရာသို့အပြောင်းတင်ခြင်းသာ။တာဝန်စကျသည့်နှစ်တည်းကဆက်တက်ရမှာကို မတက်ဖြစ်တော့ နှစ်လည်းအောက်နေပေပြီ။ဘွဲ့တစ်ခုတော့ယူထားမှ ရာထူးတိုးအတွက်လည်းအဆင်ပြေတာမလို့ ဒီလမ်းကိုရွေးခဲ့ခြင်းသာ။

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now