အပိုင်း (၃)

2.4K 308 23
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၃)

"ဒီအရွယ်မှအမြီးမပေါက်ရင် ဘာမျောက်လဲ"

မျက်ဝန်းတို့ပွင့်သည်နှင့်အရင်ဆုံးသတိရမိသည်မှာ အစ်မပြောခဲ့သည့်စကား။တကယ်ပဲအစ်မကရှိသလား၊ဒါမှမဟုတ် သွဲ့ကိုအနိုင်လိုချင်လို့ပြောခဲ့တာလားလေ။ဒီစကားတစ်ခွန်းကို သွဲ့မှာစဥ်းစားရတာမောနေခဲ့ပြီ။

"သွဲ့ရေ..နိုးရင်ထနော်။ဒီနေ့အစည်းအဝေးရှိတယ်လေ"

"ဟုတ်အစ်မ၊သွဲ့နိုးနေပါပြီ၊ဆင်းခဲ့မယ်နော်"

သွဲ့ဖြေသံကြောင့်ခဏအကြာ လှေကားမှလူဆင်းသွားသံအားကြားရသည်။မျက်နှာသစ်၊ရေချိုးရန်လိုအပ်သည့်ပစ္စည်းများအားယူပြီးအောက်သို့ဆင်းကာ လုပ်စရာရှိသည်များအားလုပ်ရသည်။သွဲ့ရေချိုးပြီးတော့
အစ်မက ထမင်းဝိုင်းပြင်ထားပြီးချေပြီ။ဦးလေးကတော့ ကိုင်းထဲရှိ တလင်းဆီရောက်နေလိမ့်မည်။ညက ပြောင်းတွေ စျေးတက်သည်မလို့ ရောင်းတော့မည်ဟုပြောသံကြားသည်။ကားတင်ဖို့အတွက် အစောကြီးတည်းက ထွက်သွားတာပင်။အန်တီက​တော့ထုံးစံအတိုင်း ချက်ပြုတ်ပြင်ဆင်ရေးသာ။

"မိတ်ကပ်ပဲလိမ်းတတ်တာလား"

အစ်မမေးသည့်စကားအားပြန်ကြားယောင်မိသည်။အဲ့တုန်းက မဟုတ်ပါဘူးလို့ပြောခဲ့ပေမဲ့ တကယ်ကျ သွဲ့ မိတ်ကပ်သာလိမ်းတတ်သည်။သနပ်ခါးကို မလိမ်းဖြစ်တာအတော်ကြာပြီ။သနပ်ခါးလိမ်းရင် အဆင်ပြေပါ့မလားလို့တွေးပြီး မလိမ်းဖြစ်ခြင်းသာ။အခုတော့ စမ်းလိမ်းကြည့်ရမည်။ခြင်းထဲသို့မိတ်ကပ်ဗူးများအားပြန်ထည့်သည်။အောက်ခံခရင်မ်သာလိမ်းပြီး အစ်မထားပေးသည့်ကျောက်ပျဥ်တွင်သနပ်ခါးသွေးသည်။မှန်ထဲသို့သေချာကြည့်ပြီး ပါးကွက်ကလေးအားချသည်။အစ်မပါးပြင်ထက်က ပါးကွက်လေးလိုတော့မလှ။ဒါပေမဲ့ကြည့်လို့တော့ကောင်းသည်။ပါးပြင်ထက် ပါးကွက်ကွက်ပြီးသည့်နောက် မျက်ခုံးမွှေးဆွဲမိသည်။တကယ်တော့ သွဲ့မျက်ခုံးက ထူထူထဲထဲဖြင့်ဆွဲစရာသိပ်မလို။ပန်းဆီရောင်အဖျော့ နှုတ်ခမ်းနီကလေးအား နှုတ်ခမ်းပါးထက်တင်ပြီးသည့်နောက် သွဲ့၏ပြင်ဆင်ခြင်းပြီးသည်။သွားခါနီးမှအဝတ်အစားလဲမည်။

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now