အပိုင်း (၁၀)

1.9K 293 17
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၀)

"ဒါဆိုရင် ကိုယ့်ဘာသာတွက်လို့ပြေမလား"

"ပြေပါတယ်ဆရာမ"

"ဒါဆို တွက်မယ်နော်၊မရရင် ဆရာမကိုလာမေး"

ကလေးတွေစာတွက်နေပြီမလို့ သွဲ့လည်း စားပွဲတွင်ထိုင်ကာ လချုပ်စာရင်းလုပ်ရန်ပြင်လိုက်မိသည်။ဘာလိုလိုနဲ့သွဲ့တောင် ဒီကလေးတွေနဲ့အတူရှိလာခဲ့တာ တစ်လပြည့်ပြီပဲ။

"ဟင်!"

စာရင်းလုပ်ပါမယ်ဆိုမှ လုပ်နည်းမေ့သွားတာကြောင့် သွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျောင်းတက်ရာနှုန်းတွေကဘယ်လိုရှာရမှာလဲ၊စဥ်းစားစမ်း ပန်းသွဲ့မိုး။နင်သိပါတယ်"

ပညာရေးကောလိပ်က ပညာရေးသဘောတရားတီချယ်ကြားရင်တော့ လာထုတော့မည်။သူသေချာကျကျနန သင်ပေးခဲ့ပါလျက်နှင့် မေ့ရပါ့မလားဆိုပြီး သေချာပေါက်ထုမှာပင်။

"မှတ်ရတာတွေများလို့ မေ့ကုန်မိတာပါတီချယ်ရေ"

စိတ်ထဲကဆိုရင်း အဖြေလေးများပေါ်မလား သွဲ့စဥ်းစားနေရသည်။

"ဆရာမ"

"ဝေ..သြော်..သမီးဘာလို့လဲ"

အလယ်တန်းက ကလေးဖြစ်နေတာကြောင့် သွဲ့မေးလိုက်မိခြင်းသာ။

"ဆရာမဒေါ်မြသွေးခက်က ဆရာမကိုအားရင် လချုပ်စာရင်းစာအုပ်တွေယူပြီး လာခဲ့ပါတဲ့"

"အင်းပါ၊ဆရာမ သွားလိုက်မယ်နော်"

ပြတင်းတံခါးမှလှမ်းကြည့်တော့ နားနေခန်းရှေ့ရှိဘေစင်တွင်လက်ဆေးနေသည့်အစ်မအားလှမ်းမြင်ရသည်။

"ဆရာမ နားနေခန်းဘက်ခဏသွားအုံးမယ်၊စာကိုပြီးအောင်တွက်ထားနော်။ကစားမနေနဲ့၊ဆရာမပြန်လာတော့မှ ကစားနည်းတစ်ခုသင်ပေးမယ်"

"ဟုတ်ကဲ့ပါဆရာမ"

"ဆရာမ လိုက်ပို့ပေးရမလား"

"ရတယ် သမီး၊ဆရာမဘာသာ သွားလိုက်မယ်။စာလုပ်နော်"

ခြေလှမ်းတို့အား နားနေခန်းဆီဦးတည်ကာလျှောက်လိုက်မိသည်။

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now