စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၆)ယူစရာရှိသည့်အိတ်များအား အိမ်ရှေ့ချပြီးနောက်မေမေနှင့်တီလေးအား ကန်တော့မိသည်။
"သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေကွယ်၊မေမေ့သမီးလေးအဆင်ပြေချောမွေ့ပြီး တာဝန်တွေထမ်းဆောင်နိုင်ပါစေ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေမေမေ၊တီလေးကလည်းပေးအုံးလေ"
"ငါ့အစ်မပေးတဲ့ဆုက ငါပေးတာပဲပေါ့"
"ဟင့် ကပ်စေးနှဲတီလေး၊အဲ့တာကြောင့်အပျိုကြီးဖြစ်နေတာ"
ထိပ်အားတစ်ချက်အခေါက်ခံလိုက်ရသည်။အပျိုကြီးတွေတော်တော်ဆိုးသည်။
"ကဲ ဟိုမှာ သားနိုင်တေဇ ရောက်လာပြီ၊ကားနောက်ကျနေမယ် သွားတော့နော် သမီး"
"ဟုတ်ကဲ့မေမေ"
"မငိုဘူးလား"
"ငိုရအောင် ကလေးလား ကိုကိုရဲ့"
"ဟား ဟုတ်ပါပြီ၊အန်တီ သား သွဲ့ကိုလိုက်ပို့လိုက်အုံးမယ်နော်"
"အေးကွယ်၊ကျေးဇူးတင်ပါတယ် သားရယ်"
"မလိုပါဘူးအန်တီရဲ့၊"
ကားဂိတ်ရောက်တော့ အချိန်ကနီးကပ်နေတာကြောင့် ကိုကို့အားနှုတ်ဆက်ပြီးကားပေါ်တက်ဖို့ပြင်မိလိုက်သည်။
"သွဲ့ သွားတော့မယ်"
"ဂရုစိုက်နော် သွဲ့"
"ဟုတ်"
ခဏအကြာမှာပင် ကားကလေးဟာ ရွေ့လျားပြီး ခရီးအားစတင်တော့သည်။ဖုန်းသံကြောင့်ကြည့်မိတော့အစ်မပင်။အပြုံးလေးတစ်ချက်လှစ်ကနဲပြုံးလိုက်မိရင်း ဖုန်းကိုင်လိုက်မိသည်။
"ဟဲလို အစ်မ"
"......"
"ဟုတ်၊သွဲ့ အခုမှစထွက်လာတာ၊သုံးနာရီလောက်တော့ကြာအုံးမှာ"
"...."
"ဟုတ်၊သွဲ့ ဖုန်းဆက်လိုက်မယ်နော်"
ဖုန်းကလေးအားချပြီးသည့်တိုင်အပြုံးတို့မှာပျောက်ကွယ်မသွား။တစ်ယောက်ယောက်က ကိုယ့်ကိုသတိတရ၊ဂရုတစိုက်ရှိနေတယ်ဆိုတာ သိရတာဟာ ပျော်ရွှင်စရာတစ်ခုပေပဲမလား။စိန်ပန်းနှစ်ပင်မှာ ပျော်မိသည့်အကြောင်းပြချက်တွေထဲ ဒီတစ်ချက်လည်းပါမည်ထင်၏။
BINABASA MO ANG
စိန်ပန်းတို့အားသက်သေတည်ရျ်
Fantasy"ဟောဒီ့စိန်ပန်းတွေကိုသက်သေတည်ပြီးပြောမယ်။ပန်းသွဲ့မိုးကို ဒေါ်မြသွေးခက်က အရမ်းကို ချစ်မြတ်နိုးရပါတယ်"။