အပိုင်း (၉)

1.9K 263 13
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၉)

"ဟိတ် အဆင်ပြေလား"

"ဟီး၊ပြေတယ်ဆိုပါတော့"

"ကလေးစုံပြီလား"

"စုံပြီ အစ်မ"

"ဟုတ်ပြီ၊ဟုတ်ပြီ။တစ်ခုခုလိုရင်လှမ်းပြော၊အစ်မ ရှေ့မှာရှိတယ်"

"ဟုတ် အစ်မ"

ကျောင်းခေါင်းလောင်းသံကြားရပြီမလို့ အစ်မကသူမအဆောင်ရှိရာဆီသွားလေသည်။

"ကျောင်းတက်ပြီ၊အပြင်ထွက်ကြစို့"

"ဟုတ်ကဲ့ ဆရာမ"

အခန်းရှေ့တွင် ယောင်္ကျားလေးတစ်ခြမ်း၊မိန်းကလေးတစ်ခြမ်း နေရာယူလိုက်ကြသည်။အခန်းရှေ့ကော်ရစ်တာတွင် အဖြူအစိမ်းကလေးများဖြင့်ပြည့်ကာ လှပသွားတော့သည်။သွဲ့တို့အခန်းရှေ့တွင် အစ်မတို့အဆောင်။အစ်မတို့လည်းအပြင်ထွက်သည်မလို့ လှမ်းမြင်ရသည်။နောက်ခေါင်းလောင်းတစ်ချက်ထိုးတော့ ကျောင်းဝန်းထဲခဏတိတ်ဆိတ်သွားပြီးနောက် အမိန့်ပေးသံနှင့်နိုင်ငံတော်သီချင်းဆိုသံများ ပျံ့လွင့်လာတော့သည်။

"ဘုရားသေချာ ရှိခိုးကြရမယ်နော်"

"သွဲ့ အခန်းပြန်လိုက်မယ်မလား"

"ဟုတ်၊အစ်မ လိုက်မယ်နော်။"

သွဲ့တို့အခန်းဘေးကပ်ရပ်တွင် Grade-4 တစ်ခန်းသာရှိသည်။G4နှင့် မျက်နှာချင်းဆိုင်တွင်တော့ G3နှင့်အလယ်တန်းအခန်းများဆက်သွားသည်။အဆောင်ကC ပုံစံဖြစ်တာကြောင့် သွဲ့တို့ဘက်မှာနှစ်ခန်း၊တစ်ဖက်ထိပ်တွင် G2နှင့်G1 ရှိသည်။ကြားထဲတွင် နားနေခန်းနှင့်အလယ်တန်းများသာ။နားနေခန်းနှင့်ကပ်ရပ်တွင်တော့ G6ရှိသညတစ်ဖက်မှာတော့ KG သာပင်။

"ကလေးတွေနဲ့တွေ့တော့ အခြေအနေ"

"အဆင်ပြေပါတယ်၊လူနည်းတော့ သင်ရတာလည်းပြေမှာပါ"

"အတန်းထိန်းနည်း သုံးမျိုးရှိတယ်တဲ့။ရုပ်နဲ့ထိန်းတာရယ်၊အသံနဲ့ထိန်းတာရယ်၊တုတ်နဲ့ထိန်းတာရယ်တဲ့။ကဲ ပန်းသွဲ့မိုးက ဘယ်နည်းနဲ့ထိန်းမလဲ"

"သူကထိန်းရင် ရုပ်နဲ့ထိန်းမှာပေါ့၊အသံနဲ့ထိန်းတာက တို့တွေပဲ"

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now