အပိုင်း (၁၆)

2.2K 257 27
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၆)

"ဆရာမ လာပြီဟေ့"

အော်သံနှင့်အတူ သွဲ့ဆီပြေးလာကာ အထုပ်များအားဝိုင်းသယ်ကြသည့်ကလေးများ။ဒီနေ့က မုန့်လုပ်စားကြသည့်နေ့ဆိုတော့သူတို့လေးတွေပျော်နေကြတာပင်။

"အခန်းထဲကို အထုပ်တွေသယ်သွားနော်၊ဆရာမလိုက်ခဲ့မယ်"

"ဟုတ်ကဲ့ဆရာမ"

"မနေ့ကမှာလိုက်တဲ့ ဓားတို့ဘာတို့ရော ပါကြရဲ့လား"

"ပါတယ်ဆရာမ၊ထင်းတွေလည်းထပ်ကောက်ထားသေးတယ် အများကြီးပဲ"

"အင်းပါ၊အင်းပါ ဆရာမလိုက်ခဲ့မယ်နော် သွားကြတော့"

ကလေးများသွားတော့ သွဲ့လည်း နားနေခန်းထဲဝင်လိုက်မိသည်။

"ဘာတွေကျက်ကုန်ကြပြီလဲ"

"ဘာမှကိုမကျက်သေးတာ သွဲ့ရေ။Grade 5 ကခေါက်ဆွဲသုပ်ကိုအရင်စားရမယ်ထင်တယ်"

"အဲတာက ပိုဆိုးတယ် အခုထိဘာမှကိုမစရသေးတာ"

ဆရာမတွေနှင့်စကားခဏပြောပြီး တပည့်ကျော်တွေဆီ ထွက်လာမိသည်။အစ်မတို့အတန်းက ကြာဇံချက် ဆိုတော့ အဆောင်အနောက်ဘက်တွင်ချက်နေကြလေသည်။အခန်းတွေထဲမှာ တရုန်းရုန်းဖြင့် ပျော်နေကြသည်။

"ဘာလို့အခန်းကတံခါးကြီးပိတ်ထားတာလဲ ပိုးငယ်"

"သိဘူးလေ ဆရာမ"

"ဟင်!အခန်းထဲကလာပြီးမသိဘူးတဲ့"

သွဲ့မျက်စောင်းခဲတော့ ပိုးငယ်ကရယ်သည်။ပြတင်းတံခါးတွေကအစအကုန်အလုံပိတ်ထားတာကြောင့်အနည်းငယ်တော့စိတ်ပူသွားမိသည်။

"Surprise.....!!!!"

အခန်းတံခါးတွန်းဖွင့်သည်နှင့်ကြားလိုက်ရသည့်အသံလေးများ။အခန်းတစ်ခန်းလုံးတွင်လည်း ပူဖောင်းလေးများအား ကြိုးနဲ့အပြည့်ချည်ဆွဲထားကြသည်။

"ဆရာမကို စပရိုက်လုပ်တာ"

"အမြဲတမ်းပြုံးနေပါဆရာမ"
----ဆရာမကိုချစ်တဲ့တပည့်များ-----

စိန်ပန်းတို့အားသက်သေတည်ရျ်Kde žijí příběhy. Začni objevovat