အပိုင်း (၁၇)

1.8K 246 30
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၇)

သီတင်းကျွတ်ကျောင်းပိတ်ရက်တွေဟာ ပျင်းရိငြီးငွေ့ဖွယ် တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။မေမေ့ကိုကူရင်း၊အိမ်အလုပ်လေးတွေလုပ်စရာရှိတာလုပ်ပေးရင်း ပြန်ရောက်တည်းက အပြင်လည်းမထွက်ဖြစ်ပေ။ဒီနေ့တော့ အပြင်သွားရမည်။ပြန်ရောက်တာကို လာမတွေ့လို့ တဂျီဂျီလုပ်နေသည့် သူငယ်ချင်းမများနှင့်ချိန်းထားတာကြောင့်ပင်။

"မေမေ သွဲ့ သွားပြီနော်"

"အေးအေး သမီး။ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့မေမေ"

လမ်းထိပ်သို့လမ်းလျှောက်ထွက်ခဲ့ပြီး တက္ကစီအလာအားရပ်စောင့်နေမိသည်။ငါးမိနစ်လောက်ကြာတော့ တက္ကစီတစ်စီးရောက်လာသည်မလို့ အဆင်ပြေသွားတော့သည်။

"U Chief Gyi"

ဆိုင်းဘုတ်အားကြည့်ပြီးပြုံးမိသည်။ဒီနေရာကိုမရောက်ဖြစ်တာအတော်ကြာခဲ့ပြီ။ကျောင်းတုန်းက တစ်ပတ်တစ်ခါ ဒီမှာလာပြီး မာလာရှမ်းကောစားဖြစ်ကြသည်။အဲတုန်းက ဆိုင်ကဖွင့်ကာစလေးမလို့ menu သိပ်မစုံ။အခုတော့ မာလာရှမ်းကောအပြင် ပင်လယ်စာအစုံမူကထကို အဝစား packageလည်းရှိနေပြီတဲ့။

"သွဲ့ ငါတို့ဒီမှာ"

လက်လှမ်းပြသည့်ဝိုင်းဆီအားလျှောက်သွားပြီး နေရာလွတ်တွင်ထိုင်မိသည်။

"ကြာလိုက်တာ ဆရာမကြီးကလဲ"

"နင်တို့ကစောရောက်နေတာပါဟယ်၊ဘာတွေမှာထားပြီးပြီလဲ"

"မှာပြီးပြီ ပူမနေနဲ့၊ဟိုနေ့က ကိစ္စကိုသာဆက်စမ်းပါ"

"ဟဲ့၊ငါအခုမှရောက်ရုံရှိသေး၊နင်တို့ဟာကဘာတွေဆက်ခိုင်းနေတာလဲ"

"နင်နဲ့နင့်မမအကြောင်းပေါ့၊ပြောမဲ့အရေးကို ဝေ့လိုက်တာ"

သွဲ့ရယ်လိုက်မိသည်။သွဲ့တို့အကြောင်းအားအရမ်းစိတ်ဝင်စားနေသည့်သူငယ်ချင်းများအား တမင်ရစ်နေခြင်းရယ်သာ။

"ငါနဲ့အစ်မနဲ့ကဒီတိုင်းပဲလေ နင်တို့ကဘာတွေသိချင်"

"နင်အငြင်းခံလိုက်ရတာလား"

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now