အပိုင်း (၄)

2.3K 271 20
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၄)

"သမီးက ဘယ်နေ့ပြန်လာမှာလဲ။"

"၂၅ရက်နေ့ကျောင်းအပ်လက်ခံရမှာဆိုတော့ သွဲ့ ၂၄ရက်နေ့စောစောပြန်လာမှာပါ"

"သမီးမြို့ကိုရောက်ခါနီးကျ ဖုန်းဆက်လိုက်ပေါ့။သမီးအစ်မကိုလာကြိုခိုင်းလိုက်မယ်"

"ဟုတ်။သွဲ့ ဆက်လိုက်ပါမယ် ဦးလေး"

"နောက်တောင်ကျနေပြီ ညီအစ်မတွေ အိပ်ကြတော့လေ။"

"ဟုတ် ဦးလေး"

အစ်မနှင့်အတူ အိမ်အပေါ်ထပ်ဆီသို့တက်လာမိသည်။မနက်ဖြန်အတွက် ယူစရာရှိသည်များအား အိတ်ဖြင့်စုကာ ထည့်ထားပြီးသားဖြစ်သည်။ခြင်ထောင်အားထောင်ပြီးသည့်နောက် ဘုရားရှိခိုးလိုက်သည်။

"မနက်ဖြန်တဲ့..။မနက်ဖြန်ဆို ဒီနေရာလေးကနေ ပြန်ရတော့မှာပဲ။တစ်ပတ်ဆိုတဲ့အချိန်ကလေးဟာ သံယောဇဥ်တွယ်မိဖို့လုံလောက်ပါရဲ့"

ဖုန်းကြည့်နေရင်းမှ သတိရသွားသည်။အစ်မဆီကနေ facebook အကောင့်တောင်းရမည်။ဒါဆို စကားပြောလို့ရပေမည်။

"အစ်မ..။အိပ်ပြီလား"

"ဟင့်အင်း၊မအိပ်သေးပါဘူး။ဘာလို့လဲ"

မအိပ်သေးဘူးဆိုတာနှင့် ခြင်ထောင်ထဲမှလှိမ့်ထွက်ပြီး တစ်ဖက်ရှိ အစ်မခြင်ထောင်ထဲဝင်လိုက်မိသည်။

"အမေ့...။ဘာ..ဘာလို့လဲ"

"ဟီး။သွဲ့အစ်မဆီက တောင်းစရာရှိလို့"

"ဘာတောင်းမှာလဲ"

ဆံနွယ်တို့အား ပုခုံးရှေ့သို့စုချကာ ထိုင်ရင်း အစ်မကဆိုသည်။

"အစ်မအကောင့်လေးပေးပါလားဟင်"

"အကောင့်! ဘာအကောင့်ကိုပြောတာလဲ သွဲ့"

"အစ်မနော် သိရဲ့နဲ့။"

"ဟယ်၊တကယ်မေးနေတာ ဘာအကောင့်ကိုပြောတာလဲ"

"အစ်မ facebook အကောင့်လေ။စကားလေးဘာလေးပြောရအောင်"

"သြော်၊ဒါလား..။အစ်မက facebookမှမသုံးဘဲ"

"ကောင်းလိုက်တာ..ဟင်! ဘာ..၊ဘာရယ် အစ်မ"

"မသုံးပါဘူးဆို"

စိန်ပန်းတို့အားသက်သေတည်ရျ်Where stories live. Discover now