အပိုင်း (၁၂)

1.7K 280 30
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၂)

"စာဖြေချိန်မှာ စကားမပြောရဘူးနော်။တစ်ခုခုလိုရင် ဆရာမကိုပြော"

သင်ပုန်းပေါ်တွင် စာမေးပွဲမေးခွန်းအားချရေးရင်း ကလေးများအားစည်းကမ်းချက်များပြောနေမိသည်။အစမ်းစာမေးပွဲတွေမှာ စာကို သင်ပုန်းပေါ်မှာပဲအတန်းတိုင်းရေးပေးရသည်။နှစ်ဝက်နှင့်နောက်ဆုံးစာမေးပွဲတွင်သာ မေးခွန်းလွှာများအားအသုံးပြုသည်။

"ခေါင်းလောင်းထိုးမှ စဖြေမယ်နော်"

"ဟုတ်ကဲ့ပါ"

ကိုးနာရီကွက်တိတွင်ရုံးခန်းဆီမှ ခေါင်းလောင်းသံထွက်လာသည်နှင့်အဖြေလွှာစာရွက်တွင် ကလေးများ ဖြေကြတော့သည်။

"မိနစ်လေးဆယ်ပဲနော်၊သင်ပုန်းကမေးခွန်းကိုသေချာကြည့်ဖြေမယ်၊နံပါတ်စဥ်တွေကျန်ခဲ့အုံးမယ်"

ကလေးတွေနောက်ကျမည်စိုးရိမ်သောကြောင့် သင်ပုန်းပေါ်တွင် မေးခွန်းအားသွက်သွက်ရေးရသည်။

"နံပါတ်ဘယ်လောက်ထိပြီးကြပြီလဲ၊ဆရာမ နံပါတ်ကြီး ၂ ထိဖျက်လို့ရမလား"

"ရပါတယ်ဆရာမ"

"မပြီးတဲ့သူရှိသေးလား၊ရှိရင်ပြောနော်"

"မရှိပါဘူး"

"ဒါဆို နံပါတ်ကြီး ၂ အထိတစ်ဝက်ဖျက်ပြီနော်"

သေချာအောင်အတန်းအားပတ်ကာစစ်ဆေးလိုက်မိသည်။အကုန်ပြီးပြီဆိုမှ ဖျက်ပြီးကျန်နေသည့် မေးခွန်းများအားဆက်ရေးပြီး ကလေးများအားဖြေစေသည်။အစမ်းစာမေးပွဲဖြစ်တာကြောင့် သွက်ကြသည်။

မိနစ်လေးဆယ်မပြည့်မီမှာတင်ပင် အားလုံးဖြေဆိုပြီးသွားကြသည်။နာရီပြည့်တော့ ခုံနံပါတ်အစဥ်အတိုင်း သွဲ့လိုက်လံသိမ်းပြီး အဖြေလွှာစစ်ကာ အတန်းအားဖြုတ်ပေးလိုက်သည်။

"ဆရာမ ဒီအဖြေကဘာလဲဟင်"

"ဆရာမ ဒါလေးအဖြေပြောပေးပါအုံး"

တစ်ယောက်တစ်ပေါက်စီဖြင့်အဖြေလာတိုက်သူများအား အဖြေများပြောပြပြီးနောက်စာသင်ခန်းမှထွက်လာလိုက်တော့သည်။

စိန်ပန်းတို့အားသက်သေတည်ရျ်Donde viven las historias. Descúbrelo ahora