အပိုင်း (၁၄)

1.9K 281 35
                                    

စိန်ပန်းတို့အားသက်သေတည်ရျ်
အပိုင်း (၁၄)

"သမီးမှာစဥ်းစားဖို့အချိန်ရှိသေးလား ဖေဖေ"

"ရှိတာပေါ့၊ဘယ်တုန်းကဖေဖေတို့ကသမီးအပေါ်အတင်းအကျပ်လုပ်ခဲ့ဖူးလို့လဲ"

"သမီးကိုနားလည်ပေးလို့ကျေးဇူးပါဖေဖေ၊သမီးစဉ်းစားပြီးရင်အဖြေတစ်ခုပေးပါ့မယ်"

"ကဲ သွားပြီးနားတော့၊သွဲ့တောင်အိပ်သွားပြီထင်တယ်"

"ဟုတ်တယ်၊သွဲ့နေသိပ်မကောင်းလို့ဆေးတိုက်ထားတာ၊အိပ်လောက်ပြီထင်တယ်"

‌ခြေသံဖွဖွအားကြားတာကြောင့် သွဲ့မျက်ဝန်းတို့အားမှိတ်ကာအိပ်ဟန်ဆောင်မိသည်။အစ်မတို့စကားစပြောတည်းကသွဲ့နားထောင်နေခဲ့မိတာပင်။အစ်မမသိအောင် ခန္ဓာကိုယ်အားနံရံဘက်သို့စောင်းလိုက်မိသည်။ခဏအကြာ ခြင်ထောင်လှပ်ပြီးအစ်မဝင်လာသည်အားသိလိုက်သည်။မိုးတွေတအားခြိမ်းသည့်ညက မိုးခြိမ်းသံကြောက်သည်ဟူသည့်အကြောင်းပြချက်ဖြင့် အစ်မခြင်ထောင်ထဲဝင်အိပ်ရင်း နောက်ပိုင်း ခြင်ထောင်အကြီးတစ်လုံးတည်းထောင်ကာ သွဲ့နှင့်အစ်မအတူအိပ်ဖြစ်ခဲ့ကြတာပင်။

"သွဲ့...အိပ်သွားတာလား"

အစ်မအသံအားကြားပေမဲ့ သွဲ့အိပ်ဟန်သာဆက်ဆောင်မိသည်။

"ဒီကလေးမလေး အစောကြီးပါလား..။နေမကောင်းလို့များလား"

ထိုစကားသံနှင့်အတူ သွဲ့နဖူးပေါ်ရောက်လာသည့်လက်ကလေးတစ်ဖက်။"ကိုယ်လည်းမပူပါဘူး"ဟုဆိုကာ သွဲ့အပေါ်ပိုင်းသာတင်ထားသည့်စောင်အားအသာမယူကာ သွဲ့တစ်ကိုယ်လုံးအားခြုံပေးလေသည်။

"ဘာလို့များဂရုစိုက်ပေးနေရသလဲ အစ်မရယ်"

-----

"ဆရာမ သမီးတို့နဲ့လိုက်ခဲ့ပါလား ကျောင်းပြန်ရင်"

"ရှင်တို့က ကျွန်မကိုဘယ်ခေါ်တာလဲ"

"ထန်းတောဘက်သွားတဲ့လမ်းမှာလေ တောပန်းလေးတွေပွင့်နေတယ်၊ဆရာမ လှတယ်ဆိုတဲ့ပန်းလေးတွေလေ"

"ဟုတ်လား"

"လိုက်ခဲ့နော် ဆရာမ..။ဆရာမအတွက် ပန်းလေးတွေနဲ့လက်ကောက်တို့၊သရဖူတို့လုပ်ပေးမယ် နော်...နော်"

စိန်ပန်းတို့အားသက်သေတည်ရျ်Tempat cerita menjadi hidup. Temukan sekarang