လက်တွေ့ဘဝ (၂)

987 194 0
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - Sharr

လက်တွေ့ဘဝ (၂)

ချင်ချိုး ရေဆာလာတယ်။ အိမ်ဖော်က ရေယူပေးတော့ တစ်ငုံသောက်လိုက်ရင်း မေးလာတယ်။ "အိပ်မပျော်တာလား"

ယဲ့ယွီရွှမ်း ခေါင်း ခပ်ယဲ့ယဲ့လေး ညိတ်ပြလာတယ်။ "ငါ ခဏလောက် စဥ်းစားစရာတစ်ခုခုရှိနေတယ်လို့ ငါထင်နေတယ်"

ချင်ချိုး သူ့ဆီကို သွားလိုက်တယ်။ မျက်နှာချင်းဆိုင်ဆိုဖာပေါ်မှာ နောက်ထပ်ရေတစ်ငုံ ထပ်သောက်ရင်း ပြန်မေးလိုက်တာပေါ့။ "ပြဿနာတစ်ခုခု ရှိလို့လား"

ကုမ္ပဏီက စီးပွားရေးတွေများ ကျဆင်းလာလို့လား။

ယဲ့ယွီရွှမ်း တည်ငြိမ်စွာနဲ့ ပြောလာတယ်။ "ငါ စဥ်းစားနေတာက လူသေလောင်းအပေါ်  ကာမစိတ်ရှိနေတာကို"

ချင်ချိုး သူ့ပါးစပ်ကနေ ရေတွေတောင် ပြန်ထွက်လာတယ်။ "လူသေအလောင်း"

ယဲ့ယွီရွှမ်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ အသေးစိတ်ကို ရှင်းပြလိုက်တာပေါ့။ "ငါ အိမ်မက်မက်ခဲ့တယ်၊ ငါ့အိမ်မက်ထဲက အဲ့လူက လူသေအလောင်းအပေါ် လိုချင်တပ်မက်စိတ်တွေ အမြဲတမ်းရှိနေတာ"

ချင်ချိုး: "ရပ် ရပ် ရပ်၊ မင်းမက်တာ ဘယ်လိုတောင် ထူးဆန်းတဲ့ အိမ်မက်ကြီးတုန်းဟ"

ယဲ့ယွီရွှမ်း အရမ်းကို တွေတွေဝေဝေနဲ့ ကြည့်လာတယ်။ "ငါ အိမ်မက်မက်ခဲ့တာက သူ သေသွားပေမဲ့ အိပ်ပျော်နေတာနဲ့ တူနေပြီး အရမ်းချစ်ဖို့ကောင်းတာပဲ"

ချင်ချိုးအသံက ထူးဆန်းသွားတယ်။ "ချစ်ဖို့ကောင်းတယ်တဲ့လား"

ယဲ့ယွီရွှမ်းက လူတစ်ယောက်ကို ချစ်ဖို့ကောင်းတယ်လို့ ပြောတယ်ပေါ့လေ၊ ကောင်းကင်ကြီးတောင် ပြိုတော့မှာပဲဟ။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now