အပြာရောင်ချစ်သက်သေ (၉)

890 173 4
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - အချောလေးဂွေ့

____

အပြာရောင်ချစ်သက်သေ (၉)

သူမလက်က သွေးတွေနဲ့ ဖုန်တွေက သူ့မျက်နှာကိုပေသွားတယ်။

စုန့်ယွင်ဟွမ်က မလှုပ်မယှက်နဲ့ သူမရဲ့ အမုန်းစကား​ေတွကို စောင့်နေပုံပဲ။

ပိုင်ဝေဝေ့က သက်ပြင်းတစ်ချက်ကို အသာအယာချလေတယ်။
"စုန့်ယွင်ဟွမ်...ငါသေတော့မှာ ဟုတ်တယ်မလား?"

စုန့်ယွင်ဟွမ်က ခေါင်းငြိမ့်ပြတယ်။
"အင်း"

အနည်းဆုံးတော့ စိတ်သက်သာရာရသွားတဲ့ပုံနဲ့ ပိုင်ဝေဝေ့ကပြန်ပြောလေတယ်။
"ငါမသေခင် နင့်ကိုစကားပြောလို့ရမလား?"

စုန့်ယွင်ဟွမ်က ဘာမှပြန်မပြောဘူး။ သူမကိုဒီအတိုင်းပဲကြည့်နေတာ။

ပိုင်ဝေဝေ့ရဲ့ တခြားလက်တစ်ဖက်က သူ့ရဲ့အင်္ကျီစကိုဆွဲပြီး ခေါင်းကိုငုံ့စေလိုက်တယ်။ ပြီးတော့ သူမရဲ့လက်ကျန်အင်အားလေးနဲ့ သူ့နှုတ်ခမ်းကိုဖိကပ်လိုကိတာပေါ့။

သွေးတွေစွန်းနေပေမယ့် ဖြူစင်တဲ့အနမ်းလေးပါပဲ။

စုန့်ယွင်ဟွမ် ခန္ဓာကိုယ်ကြီးတောင့်သွားတယ်။ သူ့မျက်လုံးထဲက အနီရောင်တွေ ပိုရင့်လာတော့တာပဲ။

အနမ်းက ခဏလေးပဲဆိုပေမယ့် ပိုင်ဝေဝေ့က အပြုံးလေးနဲ့ပြန်ပြောလေတယ်။
" ငါ နင့်ကို အများကြီးလိမ်ခဲ့တယ်။ ဖြူစင်ချင်ယောင်ဆောင်၊ သန့်ရှင်းချင်ယောင်ဆောင်၊ သနားစရာကောင်းချင်ယောင်ဆောင် နဲ့။ ဒါပေမယ့် နင့်ကိုသဘောကျတာကိုတော့ ငါမလိမ်ခဲ့ဘူး"

သူမ မျက်ရည်တွေအပြည့်နဲ့ရယ်လိုက်မိတယ်။

"နင့်လက်ကို မဖမ်းလိုက်မိတဲ့အတွက်ရော၊ ကားပေါ်ကနေတွန်းချမိတဲ့အတွက်ရော ငါတောင်းပန်ပါတယ်"

အိပ်မက်ထဲက ချစ်ရသူ [Book 2]Onde histórias criam vida. Descubra agora