မယ်တော်ကြီးနဲ့ ကုန်းကုန်းဇာတ်ထုပ် (၆၄)

920 169 0
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Translator - Sharr

မယ်တော်ကြီးနဲ့ ကုန်းကုန်းဇာတ်ထုပ် (၆၄)

အဲ့ဒီအခိုက်အတန့်မှာ ရှောင်မိုနှလုံးသားက ဝမ်းနည်းမှုကြောင့် စုတ်ပြတ်သတ်နေရတယ်။

တုကျူးဆို လှုပ်တောင်မလှုပ်ရဲ။

ခန္ဓာကိုယ်က လှုပ်လိုက်တာနဲ့ ဦးနှောက်ကလည်း စလှုပ်လိမ့်မှာပဲ။ သူက အရမ်းဉာဏ်ကောင်းတာ၊ ပိုင်ဝေဝေ့ သေပြီဆိုတာ သူ ဘယ်လိုလုပ် မသိဘဲ နေမလဲ။

သူ ဝန်မခံချင်ဘူး၊ နက်နက်နဲနဲလည်း မစဥ်းစားချင်ဘူး။ သူ့ကိုယ်သူ ဒီလိုထိုင်နေဖို့ တွန်းအားပေးနေရုံပဲ တတ်နိုင်တယ်။ ပိုင်ဝေဝေ့က အိပ်မောကျနေပြီး နိုးလာမှာလို့ သူ့ကိုယ်သူ အယုံသွင်းထားလေရဲ့။

ပိုင်ဝေဝေ့ရဲ့ ခန္ဓာကိုယ် စပုပ်သိုးလာတဲ့အခါ တုကျူး သူ့အသိစိတ် ပြန်လည်လာဦးမလားလို့ ရှောင်မို တွေးနေမိတယ်။ သေနေတဲ့လူတစ်ယောက်ရဲ့ လက်ကို နာရီပေါင်းများစွာ ကိုင်ထားတာ သိရက်နဲ့လေ။

ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ ပိုင်ဝေဝေ့ခန္ဓာကိုယ်က ပြောင်းလဲမသွားဘူး။

သူမရဲ့ ဖြူဖျော့နေတဲ့ အသားအရေက ပိုတောင် ကောင်းလာသေးတယ်။ သူမခန္ဓာကိုယ်ရဲ့ အအေးဓာတ်ကလွဲရင် သူမ အိပ်မောကျနေတယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုဘူး။

အလောင်းကောင်အရိပ်အငွေ့လက္ခဏာ ဘာဆိုဘာမှမရှိဘူး။

မုယန်ကျွင်း အိပ်ရာဘေးမှာနေရင်း သူ့မျက်ဝန်းတွေက တောက်ပသထက် တောက်ပလာတယ်။

ပုပ်သိုးနေတဲ့ လူအိုကြီး နတ်ဆေးသမားတော်က နောက်ဆုံးတော့ ရောက်လာခဲ့သည်။ သူက နှလုံးကာကွယ်ဆေးကို သောက်ထားရသည်။ "ငါတွက်ထားတာ ဒီအိုကြီးအိုမရဲ့ဘဝတော့ သွားပါပြီပေါ့"

မုယန်ကျွင်းက ငါးရက်လောက် မအိပ်ဘူး။ သူ ဘယ်လောက်ပင်ပန်းနေလဲ ဘယ်သူမှမသိဘူး။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now