အပြာရောင်ချစ်သက်သေ (၅)

907 182 4
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - အချောလေးဂွေ့

____

အပြာရောင်ချစ်သက်သေ (၅)

Zombieတွေက မပြေးနိုင်တဲ့ သူတွေကို ဝိုင်းပြီး ကိုက်ကြတော့တာပဲ။

ပိုင်ဝေဝေ့လှည့်မကြည့်ပေမယ့် သူမအနောက်က zombieတွေရဲ့ အော်သံတွေကိုကြားနေရတယ်။

ပြီးတော့ သိတယ်မလား....လူအော်သံတွေလေ။

ငရဲပွက်နေသလိုပဲ။

လင်းရှောင်က အရှိန်မြှင့်ပြီး မြို့ထောင့်စွန်းက စျေးပျက်တစ်ခုဆီကို ဉီးတည်လိုက်တယ်။

သူကပြောသေးတယ်။
"ကိုယ်တို့ိဒီကထွက်နိုင်ရင် မြို့ပြင်မှာ ကိုယ့်ဉီးလေးစောင့်နေလိမ့်မယ်"တဲ့။

ပိုင်ဝေဝေ့ကတော့ ရုတ်တရက် လင်းရှောင်လက်ကိုဖြုတ်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။
"ရှင်ပြေးတော့။ ကျွန်မ မလိုက်နိုင်တော့ဘူး"

သူမ အမှန်တရားကိုပြောနေတာ။ တကယ်ဆက်မပြေးနိုင်တော့ဘူး။

လင်းရှောင်က လူကောင်ခပ်ထွားထွားကိုမှ သူ့ခြေထောက်တွေကလည်း သူမထက် အများကြီးသန်မာတယ်။

သူ့နောက်လိုက်ခဲ့တာကိုကတင် သူမ ခံနိုင်တာကို ကျော်နေပြီ။

လူတစ်ယောက်ရဲ့ ခံနိုင်စွမ်းကို သူမကောင်းကောင်းသိထားတယ်လေ။ အခုကို ဆက်မပြေးနိုင်တော့ဘူး။

မောင်တိုင်းကြိုက်တဲ့နှင်းဆီပျိုeffectကြောင့်လားတော့မသိဘူး။ လင်းရှောင်ရဲ့သူမအပေါ်အမြင်က ကောင်းနေဆဲပဲ။

လင်းရှောင်လုံး၀ကို စိတ်ထဲထိရှသွားတော့တာပဲ။
"မင်းက ကြင်နာတတ်လိုက်တာ။၊ကမ္ဘာပေါ်မှာ အလှဆုံးမျက်လုံးလေးတွေရှိရုံမကဘူး စိတ်ထားလေးကလည်း​ကောင်းလွန်းတယ်"

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now