လက်တွေ့ဘဝ (၈)

1K 192 2
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

လက်တွေ့ဘဝ (၈)

အန်းလဲ့ အံ့ဩသွားတယ်။

ပိုင်ဝေဝေ့က ဘေးမှာ ရပ်နေတယ်။ "သူ ဗုံးကို မဖြုတ်ချင်ရင် သူ့ကိုသတ်ပြီး နင်လည်း ကို့ဘာသာ သတ်သေလိုက်"

ပိုင်ယောင်းယောင်းရဲ့ မျက်လုံးတွေက အချစ်တွေ၊ တွယ်တာမှုတွေနဲ့ ပြည့်လို့နေတယ်။ "ဟုတ် မမ ညီမလေး အချစ်ဆိုတဲ့နာမည်အောက်မှာ ကျည်နဲ့ ပစ်လိုက်မယ်၊ လူသတ်မှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှု၊ အားလုံး မမအတွက် လုပ်ပေးမယ်"

ပိုင်ဝေဝေ့ကတော့ ပင်ပန်းနေတဲ့ မျက်နှာနဲ့။ ငါ ဒီအရူးမနဲ့ စကားမပြောချင်တော့ဘူး။ ငါ့အိုင်ကျူကို ဆွဲချလိုက်သလို ခံစားရတယ်အေ။

အန်းလဲ့ ဘယ်လောက်ပဲ မပျော်မရွှင်ဖြစ်နေပါစေ၊ ပိုင်ယောင်းယောင်း သူ့ကိုယ်သူ သတ်သေအောင်တော့ မလုပ်နိုင်ဘူး။

သူ ဒီလောက်အများကြီး လုပ်ခဲ့တာ ပိုင်ယောင်းယောင်းအတွက်ပဲ မဟုတ်ဘူးလား။

အိပ်ဆေးသောက်ပြီးတဲ့နောက်မှာတော့ ပိုင်ချန်းရန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တာပဲ။

သူမအဖေ ခြေကုန်လက်ပန်းကျပြီး အိပ်မောကျနေတာကို ပိုင်ဝေဝေ့ မြင်လိုက်ရတော့ သူမ မငိုဘဲမနေနိုင်တော့ဘူး။

အန်းလဲ့က သူ့ခြေတွေ၊ လက်တွေကို ဖြည်းဖြည်းချင်း သယ်ရင်း ဗုံးကို ဖြုတ်ဖို့ သွားလိုက်တယ်။ နောက်ဆုံးတော့ ဖြုတ်ပြီးသွားခဲ့ပြီ။

ပိုင်ယောင်းယောင်းရဲ့ မျက်လုံးတွေက ခရစ်စတယ်လေးလို ကြည်လင်ပြီး တောက်ပနေရော။ "မမ ဗုံးဖြုတ်ပြီးသွားပြီ"

ပိုင်ဝေဝေ့ ခေါင်းညိတ်လိုက်တယ်။ "နင် အရမ်းတော်တာပဲ၊ သူ့ကို သတ်လိုက်၊ ဘိုင့်ဘိုင့်"

ပိုင်ယောင်းယောင်းရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ ဖောဖောသီသီ စီးကျလာတော့တာပဲ။ "မမက ညီမလေးကို သတ်တော့မယ်၊ လှလိုက်တာ၊ မမကို ချစ်တယ်၊ ညီမလေး မီးရှူးမီးပန်းအဖြစ် ပြောင်းသွားပြီး ညီမလေးရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဥ်နှစ်ခုလုံး ကောင်းကင်ထိရောက်အောင် မီးထွန်းပစ်လိုက်ချင်တာနော်"

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now