မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၄)

1.1K 191 10
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - ဂွေ့

____

မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၄)

(ဟိုဟာဒီဟာ warning ပုစိပါပါမယ်)

"ပုရန်...."

ပိုင်ဝေဝေ့ရဲ့ ညင်သာတဲ့ခေါ်သံလေးက ဆေးထက်ကို သူ့ခန္ဓာကိုယ်ကို ပိုပြီးမခံရပ်နိုင်ဖြစ်စေတယ်။ ပိုပြီးတုန်လှုပ်စေတယ်။

ဒါပေမယ့် အဲ့နာမည်အမှားကြီးကို မုယန်ကျွင်း မကြားချင်ဘူး။

သူမနားလေးကို သူခပ်ဖွဖွကိုက်ရင်း
"ကျွင်း လို့ခေါ်"

ပိုင်ဝေဝေ့မျက်နှာလေးနီမြန်းသွားတယ်။ ဒါပေမယ့် ခပ်ရှက်ရှက်နဲ့ခေါ်လိုက်တာပေါ့။
"ကျွင်း"

မုယန်ကျွင်းအတွက်တော့ ဒီအသံက အိပ်မက်မက်နေသလိုပဲ။

【တင်း! ဇာတ်လိုက်ရဲ့ ချစ်ခင်နှစ်လိုမှုအမှတ် ၉၀ကိုရောက်ရှိသွားပါပြီ။.】

သူ ချက်ချင်းပဲ သူ့အင်္ကျီတွေကိုဆွဲချွတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်တယ်။သူ့ရဲ့ ဆံနွယ်တွေထဲမှာထိုးထားတဲ့ ကျောက်စိမ်းဆံထိုးကိုလည်း ဆွဲဖြုတ်လိုက်တာပေါ့။

သူ့ရဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်က တစ်နှစ်ပတ်လုံး နေရောင်မထိခဲ့ရဘူး။ ဆံနွယ်နက်နက်တွေအောက်က အသားအရည်စိုပြေမှုက သူ့ခန္ဓာကိုယ်ကို ပိုပြီးလှစေတယ်။

ဒါပေမယ့် မိန်းကလေးလိုလှတာမျိုးလည်းမဟုတ်ဘူး။ ခွန်အားအပြည့်နဲ့ သန်မာတာမျိုး။

မုယန်ကျွင်းသူ့နှုတ်ခမ်းတွေကို သပ်လိုက်တယ်။  သူ့မျက်နှာက ပိုပိုပြီးလှလာတာပေါ့။

ပိုင်ဝေဝေ့ သူ့ကို ကြည့်ရင်း ကြောင်အနေမိတယ်။ ခဏလောက်တော့ မုယန်ကျွင်းအလှမှာမျောသွားတာလေ။

သူက အသံတိုးတိုးနဲ့ ပြောလာလေတယ်။
"အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ် ကိုယ်မင်းအနားမှာပဲနေတော့မယ်"

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now