အပြာရောင်ချစ်သက်သေ (၁)

1.4K 191 7
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - အချောလေးဂွေ့

____

အပြာရောင်ချစ်သက်သေ (၁)

ပိုင်ဝေဝေ့ နိုးနိုးလာချင်းပဲ Systemရဲ့ အချက်ပေးသံကိုကြားလိုက်ရတယ်။

【ဒီတစ်ခေါက်mission ကတော့ စုန့်ယွင်ဟွမ်ရဲ့အချစ်ကိုရဖို့ဖြစ်ပါတယ်။

Target: စုန့်ယွင်ဟွမ်

ပြီးမြောက်မှု : သုည

အချိန် : လေးလ 】

သူမမှာတွေးနေဖို့အချိန်မရှိဘူး။ မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ဘဲ သူမရှေ့က အမုန်းတရားတွေ မယုံနိုင်မှုတွေနဲ့ပြည့်နှက်နေတဲ့ မျက်၀န်းတစ်စုံနဲ့ ထိပ်တိုက်တွေ့တော့တယ်။

ပိုင်ဝေဝေ့ ကြောင်သွားတယ်။ ဘာလို့ဆို အခု သူမရဲ့လက်တွေကအဲ့ဒီလူကို တွန်းချပစ်လိုက်တာလေ။

ကောင်လေးက ခပ်ငယ်ငယ်ပဲ။ နေရောင်အောက်က ပိတုန်းရောင်ဆံနွယ်တွေက အရောင်လက်နေတယ်။ အဲ့ဒီလျော့တိလျော့ရဲဆံနွယ်တွေရဲ့ကြားမှာက မယုံနိုင်စရာချောမောတဲ့မျက်နှာလေး။

အဲ့ဒီမျက်နှာလေးက ပိုင်ဝေဝေ့ကို နာနာကျည်းကျည်းကြည့်လို့နေတယ်။ ပြီးတာနဲ့ ကားအောက်ကိုပြုတ်ကျသွားတော့တာပဲ။

ပိုင်ဝေဝေ့လည်း လက်နဲ့ပြန်ဆွဲဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် သူ့အင်္ကျီလက်က အစကိုပဲဖမ်းမိတယ်။ အားနဲ့ဆိုတော့ အင်္ကျီလက်တောင်ပြဲသွားသေး။ အဲ့ဒီအမျိုးသားအောက်ကိုပြုတ်ကျသွားတာနဲ့ အသားပွင့်တွေကြားကိုပျောက်ကွယ်သွားတယ်။ zombie တွေလား?

ပိုင်ဝေဝေ့အောက်ကိုငုံ့ကြည့်လိုက်တော့ လေအေးတွေက သူမမျက်နှာကို လာထိတွေ့တယ်။

သူမက ဗန်ကားရဲ့ နောက်ပိုင်းမှာရပ်နေတာ။ တံခါးကြီးကပွင့်လို့။ ကားထဲမှာလည်းလူတွေပါပေမယ့် အပြင်မှာတော့ လူသေကောင်အစုလိုက်ကြီးက သူတို့ကားနောက်ကိုပြေးလိုက်နေကြတယ်။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now