မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၂)

1K 192 8
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - ဂွေ့

____

မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၂)

ဘုရင်လေးက ပြဿနာရှာနေတယ်ကြားလို့ နန်းတော်ကို မုယန်ကျွင်း အမြန်ပြန်ပြေးရတယ်။

ပိုင်ဝေ​ေဝ့မျက်နှာကြောင့်သာမဟုဟုတ်ရင် အဲ့၀တုတ်ကို အဆိပ်ကျွေးသတ်လိုက်တယ်။ တခြားနယ်ရုပ်တစ်ရုပ်ကို အစားထိုးရတာ ခက်တဲ့ကိစ္စမှမဟုတ်တာ။

၀တုတ်လေးက သူ့ကိုမြင်တာနဲ့ လက်ကိုယမ်းပြီး ချက်ချင်းပြေးလာတော့တာပဲ။
"ခင်ဗျားကြီးပြောစမ်း! မယ်မယ့်ကို ဘယ်မှာ ၀ှက်ထားတာလဲ?"

မုယန်ကျွင်း နန်းတော်ကိုရောက်ရောက်ချင်းပဲ ၀တုတ်လေးက သူ့လက်ထဲ ခုန်၀င်လာတယ်။

မုယန်ကျွင်းက ဟန်ကိုထိန်းလိုက်ပြီး သူ့ကို ထိုင်ခုံတစ်ခုပေါ်တင်လိုက်လေတယ်။ပြီးတော့ ခပ်မာမာမေးလိုက်တာပေါ့။
"ဘာလို့ ဘုရင်လေးက အများကြီးစားထားတာလဲ? ဒီရက်ပိုင်း ကျုပ် အစားလျော့ဖို့ပြောထားတယ်လေ။ ဘုရင်လေးရဲ့ အသားတိုးလာပုံနဲ့ဆို နဂါးပုလ္လင်ကျိုးကုန်ပါဉီးမယ်"

သူတစ်ချက်ကြည့်ရုံနဲ့တင် ဘုရင်လေးခမျာ နေစရာမရှိတော့ဘူး။

ဒါပေမယ့် သူ သတ္တိတွေကိုစုပြီးမေးလိုက်တယ်။
"ဘဘဘဘ ဘယ်မှာလဲ ကျန်းရဲ့မယ်တော်?"

မုယန်ကျွင်းမျက်လုံးတွေခက်ထန်သွားတယ်။
ကလေးကတောင် သူ့ရဲ့မိန်းကလေးကို ပြိုင်လုနေတာပါလား?"

"သူက နန်းတော်အပြင်ကို ဆေးကုဖို့ထွက်သွားတယ်။ နန်းတော်ထဲကလူက အလုပ်များတယ်လေ။ ပြီးတော့ လူအချို့က မသန့်ရှင်းဘူး။ သူ့ကျန်းမာရေးအတွက် မသင့်တွေဘူး"

ဝတုတ်လေးက ငြင်းဖို့ကြိုးစားတယ်။
"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့"!!မယ်တော်က ကိုယ်တော့်ကိုထားပြီဘယ်မှသွားမှာမဟုတ်ဘူး"

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now