အပြာရောင်ချစ်သက်သေ (၆)

614 152 5
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - အချောလေးဂွေ့

____

အပြာရောင်ချစ်သက်သေ (၆)

ပိုင်ဝေဝေ့ : "အရင်လောကတုန်းကဟာ ငါနှစ်လိုမှုအမှတ်ကို အနုတ်ငါးဆယ်ကနေစခဲ့ရတာမလား။  ဒီလောကမှာကျ ဒီကောင်မလေးက  စုန့်ယွင်ဟွမ်ကို Zombieအုပ်ထဲတွန်းချလိုက်တာတောင် အနုတ်၄၀ပဲ ရှိတယ်။ သေချာပေါက် ယောကျာ်းတွေက ယဉ ဖြတ်ခံရတာကို ပိုမုန်းတဲ့ပုံပဲ။"

System : hostရဲ့ ဉီးစားပေးကိစ္စက လွဲနေပြီထင်တယ်?

ပိုင်ဝေဝေ့က အာရုံလွှဲတဲ့အနေနဲ့ systemကို စကားပြောနေတာ။

ဘာလို့ဆို အပြင်ဖက်က zombieတွေက ကြောက်ဖို့ကောင်းတယ်လေ။

ပိုင်ဝေဝေ့ တံခါးကိုလှမ်းကြည့်လိုက်တယ်။
"ကံကောင်းလို့ တံခါးကခိုင်နေတာ။ မဟုတ်ရင် ငါအစားခံနေရလောက်ပြီ"

သူမစကားဆုံးသွားတာနဲ့ တံခါးက လှုပ်လာပြီး လက်တွေက သစ်သားတွေကြားထဲကနေ ဖောက်ထွက်လာကြတယ်။

ပိုင်ဝေဝေ့နဲ့ system : "....."

ဘုန်း! တံခါးကိုတစ်ခုခုနဲ့ရိုက်ချလိုက်လို့ထင်တယ်။ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေရဲ့။

သူမကတော့ နေရောင်တွေ တံခါးကနေ ဖြတ်၀င်လာတာကိုကြည့်နေမိတော့တာပဲ။

တံခါးအပြင်ဖက်က နေရောင်ထဲမှာတော့ ခပ်သွယ်သွယ်ပုံရိပ်တစ်ခုင ရပ်နေလေတယ်။ သူ့ရဲ့ပိတုန်းရောင်ဆံနွယ်တွေက ထူးခြားတဲ့အရောင်အ၀ါတောက်နေ​ေိသလို ခန့်ညားတဲ့မျက်နှာပေါ်မှာ အပြုံးရေးရေးက ထင်းလို့။

"မင်းကိုငါ ရှာတွေ့ပြီ ပိုင်ဝေဝေ့"

အသံကခပ်အောအောနဲ့ ထူးထူးဆန်းဆန်း ဆွဲဆောင်မှုရှိနေတယ်။

ပိုင်ဝေဝေ့ကြောင်သွားတယ်။ သူမစိတ်ထဲ အတွေးတွေအများကြီးဖြတ်ပြေးသွားတော့တာပေါ့။ စက္ကန့်ပိုင်းအတွင်း ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို တွေးနေရတာလေ။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now