မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၉)

1K 208 7
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - Sharr

____

မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၉)

ဖက်တီးလေး ယုံတောင် မယုံရဲတော့။ "ဒါပေမဲ့ သူက ကျွန်တော်တို့ ရန်သူလေ မယ်တော်"

ပိုင်ဝေဝေ့ တော်တော်ကြာတဲ့အထိ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်မိတယ်။ "အစကတည်းက မယ်တော်တို့က မှားခဲ့တာလေ၊ မယ်တော့်မှာ အချိန်အများကြီး မကျန်တော့ဘူး၊ ပြီးတော့ ဒီနောက်ဆုံးနေ့ရက်တွေအထိ သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့..."

သူမ ခဏရပ်ပြီးမှ စိတ်သက်သာရာရသလို နောက်ဆုံး ပြောလာခဲ့တာပေါ့။ "ဒါပေမဲ့ မယ်တော်က သူ့ကို အမြဲတမ်း စုံမက်နေခဲ့တာ"

လူအများအပြားကို သတ်ခဲ့ပြီး ပိုင်မိသားစုကို အမြစ်ပြတ်ချေမှုန်းခဲ့တာတွေအတွက်တော့ သူ့ကို ခွင့်မလွှတ်နိုင်ဘူး။

ဒါပေမဲ့ သူမ သူ့ကို ခွင့်မလွှတ်နိုင်စဥ်မှာ သူ့ကို နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ချစ်ခင်စုံမက်နေဆဲပဲ။

ဒါကို မုယန်ကျွင်းကြားတော့ သူ့မျက်နှာက မိုးရေတို့ လွှမ်းနေကာ အေးစက်နေတာပေါ့။

ဒါပေမဲ့ သူ့နှလုံးသားလေးကတော့ ပူနွေးလို့နေတယ်။

သူလုပ်ခဲ့တဲ့ မကောင်းတဲ့အရာတွေအတွက် သူမက သူ့ကို ခွင့်မလွှတ်ခဲ့ရင်တောင် အနည်းဆုံးတော့ သူမနှလုံးသားထဲမှာ သူ ရှိနေသေးတာပဲ။

မုယန်ကျွင်းအတွက်ကတော့ ဒါကိုက ကျေးဇူးတင်စရာကောင်းလောက်အောင် လုံလောက်နေပါပြီလေ။

ပိုင်ဝေဝေ့က ဖက်တီးလေးကို ချွေးသိပ်လိုက်ပြီး လူတွေကို သူ့အား အပြင်ခေါ်သွားစေတာပေါ့။

အပြင်ဘက်မှာတော့ မိုးက ပိုပိုသည်းလာနေတယ်။

ဘုရင်လေး ထွက်သွားတာကို မုယန်ကျွင်း မြင်လိုက်ရတယ်။ အဲ့ဒီနောက် သူမကို မြင်ရဖို့ သူ တံခါးကို တွန်းဖွင့်မိလိုက်တော့တာပဲ။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now