အပြာရောင်ချစ်သက်သေ (၂)

944 180 9
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - အချောလေးဂွေ့

____

အပြာရောင်ချစ်သက်သေ (၂)

ဒီလိုနဲ့ စုန့်ယွင်ဟွမ်က သူမမျက်လုံးထဲ၀င်လာခဲ့တယ်။ ကြည့်ရတာ သူကတစ်ယောက်တည်းနေပြီး တခြားမိန်းမတွေကိုစိတ်၀င်စားတာမျိုးမလုပ်လို့နဲ့တူပါတယ်။

အဲ့ဒါကြောင့် တစ်လအတွင်း စုန့်ယွင်ဟွမ်ကိုရအောင်လိုက်မယ်ဆိုပြီး သူမရဲ့သူငယ်ချင်းတွေနဲ့ လောင်းခဲ့တယ်။ အဲ့ဒီဘုရားဖြစ်မယ့်အုတ်နီခဲက ဘယ်မိန်းမကိုမှ အကပ်မခံဘူးလေ။

စုန့်ယွင်ဟွမ်ကလည်း ရည်းစားမထားဘူးတဲ့အပျိုလေးဆိုတော့ ပိုင်ဝေဝေ့ရဲ့ ဖြူစင်တဲ့ပုံစံလေးအပေါ်မှာ ယစ်မူးသွားပြီး သူမရဲ့၀န်ခံမှုကိုလက်ခံလိုက်တယ်။

နှစ်ဉီးသား သုံးရက်လောက် သူငယ်ချင်းတွေအဖြစ်နေပြီး ရုပ်ရှင်ဘာညာ အတူကြည့်တဲ့အဆင့်တောင်ရောက်သွားတယ်။

ဒါပေမယ့် ပိုင်ဝေဝေ့ရဲ့ မျက်နှာဖုံးကို စုန့်ယွင်ဟွမ်လှန်မိသွားတယ်။

သူမရဲ့အခန်းဖော်တွေနဲ့လောင်းထားတာအထိ သိသွားတာ။

အလှည့်စားခံလိုက်ရတဲ့ စုန့်ယွင်ဟွမ်က ပေါက်ကွဲပြီး ပိုင်ဝေဝေ့ရဲ့ သရုပ်မှန်ကို အွန်လိုင်းပေါ်တင်လိုက်တယ်။

ပြီးတာနဲ့ ဖြတ်ပစ်လိုက်တော့တာပဲ။

ပိုင်ဝေဝေ့လည်း အတော်လေးအရှက်တွေကွဲသွားတာပေါ့။ အဲ့ဒါကြောင့် စုန့်ယွင်ဟွမ်ကိုသူမလက်စားချေချင်တာ။ အချိန်ကိုက်ပဲ zombieပိုးက မြို့ထဲကို ပျံ့နှံ့လာတယ်။

အခုမှပြတ်ထားတဲ့ နှစ်ယောက်သား အတူတူပြေးရဖို့အကြောင်းဖန်လာတာပေါ့။

လူတွေအရမ်းများပြီး ဗန်ကားကတစ်စင်းတည်းရှိတာဆိုတော့ ပိုင်ဝေဝေ့က တွန်းထုတ်ခံလိုက်ရတယ်။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now