လက်တွေ့ဘဝ (၇)

940 188 0
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

လက်တွေ့ဘဝ (၇)

အန်းလဲ့ ထွက်လာတော့ ပိုင်ဝေဝေ့က ပိုင်ယောင်းယောင်းကို ကန်နေတာ တွေ့လိုက်ရတယ်။ သူ ချက်ချင်း ဗုံးအတွက် လုပ်ထားတဲ့ အဝေးထိန်းခလုတ်ကို ထုတ်လိုက်ရတယ်။

ပြီးတော့ ပိုင်ယောင်းယောင်းဘေးနား အပြေးအလွှားသွားပြီး သူမကို ကိုင်ထားရင်း ပိုင်ဝေဝေ့ကို ပြောလာတယ်။ "နင် အလျင်စလို မလုပ်ဖို့ ငါ အကြံပေးတယ်၊ ငါ ဒီခလုတ်ကို နှိပ်လိုက်သရွေ့…"

ပိုင်ဝေဝေ့ အံကြိတ်လိုက်တယ်။ "အန်းလဲ့ နင်က မျက်လုံးဖြူဝံပုလွေပဲ၊ နင် ဒီကောင်မအတွက် အလုပ်လုပ်ပေးနေတာ ငါ့အဖေ သိလား"

[မျက်လုံးဖြူဝံပုလွေ - ကျေးဇူးမသိတတ်သောသူ/ကျေးစွပ်သောသူ]

အန်းလဲ့ အသက်ပြင်းပြင်းရှူလိုက်ရတယ်။ သူ တစ်ခုခုပြောတော့မဲ့အချိန်မှာ ပိုင်ယောင်းယောင်းက ထခုန်ပြီး သူ့မျက်နှာကို ရိုက်လိုက်ပါလေရော။

"နင်က မမကို ဒေါသထွက်အောင်လုပ်တယ်၊ သူ့ရဲ့ ချစ်စရာလက်လေးတွေကို မြင်ရတာနဲ့ ငါ့နှလုံးသားက ခုန်လာရော"

အန်းလဲ့: "…"

ပိုင်ဝေဝေ့: "…"

ပိုင်ယောင်းယောင်းက ပိုင်ဝေဝေ့ကို ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ကြည့်ပြီးတော့ အန်းလဲ့ မျက်နှာကို ထရိုက်ပါလေရော။

"မမ မြင်လား၊ ညီမလေးတောင် မမလူတွေကို ရိုက်တဲ့နည်းလမ်းကို သဘောကျတယ်"

ပိုင်ဝေဝေ့ လည်ချောင်းထဲကနေ သွေးအန်ကျတော့မလို ခံစားလိုက်ရတယ်။ နှလုံးထဖောက်ခင် သူမ ဆေးသောက်ဖို့ လိုပြီ။

အန်းလဲ့က သူ့မျက်နှာသူ မဲမှောင်နေတဲ့ အမူအရာကြီးနဲ့ ထိကြည့်မိလိုက်တယ်။

Systemက အကြောင်းမဲ့ ထပ်ဖြည့်လာတယ်။ "တကယ်တော့ ငါပြန်ရောက်လာတုန်းက အဲ့နှစ်ယောက် နင့်အဖေကိုယ်ပေါ်မှာ ဗုံးဆင်တာကို ငါ မြင်လိုက်ရတာပဲ၊ နင့်အဖေအသက်ကို ဆယ်ရက်လောက်ပဲ ဆွဲဆန့်ပေးနိုင်တယ်၊ ငါးရက်နုတ်ပြီးတော့ နာရီ၁၂၀ပဲ ကျန်တော့တာ၊ နင်နိုးတာနဲ့ အဲ့ကောင်မ ခြိမ်းခြောက်တာ ခံရပြီး နင် အသက်အန္တရာယ်ရှိမှာစိုးလို့ နင့်အသက်မှတ်တွေသုံးပြီး အချစ်ပက်ကေ့ချ် ဝယ်ခဲ့တာ"

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now