မယ်တော်ကြီးနဲ့ ကုန်းကုန်းဇာတ်ထုပ် (၆၅)/ ဇာတ်သိမ်းပိုင်း

1.4K 213 7
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Translator - Sharr

မယ်တော်ကြီးနဲ့ ကုန်းကုန်းဇာတ်ထုပ် (၆၅)

(ဇာတ်သိမ်းပိုင်း)

ပုပ်သိုးနေသောလူအိုကြီး: "မင်းက အရူးမှမဟုတ်တာ၊ သူ သေပြီဆိုတာ မင်းသိပါတယ်"

မုယန်ကျွင်း အသည်းအသန် ခေါင်းခါလိုက်တယ်။ အပ်က သူ့ရဲ့ အရေးကြီးတဲ့အမှတ်ကို စိုက်လိုက်တော့ သူ ထပ်သည်းမခံနိုင်တော့ဘူး။

ပုပ်သိုးလူအိုကြီးက လေ့လာကြည့်ပြီး အပ်တွေ ထပ်စိုက်လိုက်တယ်။

"သူ့အခြေအနေက ထူးခြားတယ်၊ မင်းက အချိန်မီမရောက်တော့ ဆေးသက်ရောက်ဖို့ နောက်ကျသွားလို့ သူ သေသွားတာ၊ အဲ့ဒါကြောင့် ဆေးဂုဏ်သတ္တိက ခန္ဓာကိုယ်ကို ကာကွယ်တဲ့အထဲ ရောက်သွားတယ်၊ ဆိုလိုတာကတော့ သူ့အလောင်းက နှစ်ပေါင်းများစွာ ပုပ်သိုးပျက်ဆီးလာမှာ မဟုတ်ဘူး၊ သူ့ကို မီးမသင်္ဂြိုဟ်မချင်း သူ အေးနေတာကလွဲလို့ အိပ်ပျော်နေတဲ့လူနဲ့ မခြားဘူး"

ပုပ်သိုးနေသောလူအိုကြီးက ညည်းညူလိုက်တယ်။ "အဲ့ဒီတော့ ဘုရင်ငယ်လေး ကြားရင် သူ့ကိုယ်ကို မီးသင်္ဂြိုဟ်ဖို့ လူတွေခေါ်လာလိမ့်မယ်"

မုယန်ကျွင်း နားထောင်နေလိုက်တယ်။ ဘုရင်လေးစိတ်ထဲ ဘာတွေရှိလဲ သူဘယ်မသိဘဲ နေပါ့မလဲ။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"

သူ ကောင်းတယ်လို့ ပြောပြီး လှောင်လိုက်တာပေါ့။ "သူ့ကို ခေါ်သွားရဲတဲ့ လူတိုင်း အသက်ရှင်ဖို့ စဥ်းတောင်မစဥ်းစားနဲ့"

ပြောပြီးတော့ သူ့ကိုယ်ထဲ နစ်ဝင်နေတဲ့ အပ်က ပေါက်ကွဲထွက်လာပြီး ဒဏ်ရာများမှ သွေးများစီးကျလာတယ်။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now