အပြာရောင်ချစ်သက်သေ (၄)

848 174 3
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - အချောလေးဂွေ့

____

အပြာရောင်ချစ်သက်သေ (၄)

ကားကစပြီးအခြေအနေမဟန်တော့ဘူးဆိုတော့ ပိုင်ဝေဝေ့အစီအစဉ်ဆွဲရပြီ။

လူတွေအများကြီးပါလာတော့ ခရီးကမတွင်ဘူး။ လင်းရှောင်လို ဒုတိယမျိုးဆက်ပါလာတာတောင်  ဆိုးဆိုးရွားရွားအခြေအနေနဲ့ရင်ဆိုင်ရဉီးမှာပဲ။

အထူးသဖြင့် Zombieတွေက ကားခေါင်မိုးပေါ်အထိတက်လာတဲ့အခါမျိုးမှာပေါ့။  လူနည်းစုလောက်က ကားရဲ့ အနောက်တံခါးနားမှာ ရပ်နေတာဆိုတော့ zombieတွေတစ်ခါဆွဲရင် အထွေးလိုက်ကြီးပါသွားတတ်တယ်။

သူတို့အကုန် တွန်းလိုက်ထိုးလိုက် အော်ဟစ်လိုက်နဲ့ အတော်များများ အောက်ကိုဒီအတိုင်းပြုတ်ကျကုန်တော့တာပဲ။

zombie အရေအတွက်တိုးလာတာတာကို သူတို့သတိထားမိလာတယ်။ တခြားနေရာတွေမှာလည်း  လူတွေရှိနေတော့ သူတို့လည်းဘယ်အချိန်တိုက်ခိုက်ခံရမှာလဲမသိဘူး။ zombieတွေက ကားထဲကိုဝင်လာနေပြီ။

မမျှော်လင့်ဘဲ Zombieတွေက တမျှော်တခေါ်ကြီးဖြစ်လာတယ်။ အတော်ကိုများလာတာ။

အဖြစ်အပျက်ကြီးက ကြောက်ဖို့ကောင်းလွန်းလို့ ကြောက်တတ်တဲ့သူသာဆို လဲသေသွားလောက်ရဲ့။

ပိုင်ဝေဝေ့က systemကို မေးတာပေါ့။
"ဟဲ့ zombieတွေကို အပြတ်ရှင်းနိုင်မယ့် လက်နက်လေးဘာလေးများ မရှိဘူးလား?"

systemရုတ်တရက် စိတ်လှုပ်ရှားသွားလေတယ်။
"အမလေး ရှိတာပေါ့။ ရှိတယ် ရှိတယ်။  ဝေမုန့်လူသတ်လက်နက်တဲ့။ ကမ္ဘာပျက်ကပ်အတွက် အကောင်းဆုံးအဖော်မွန်ပဲ။ နင် zombieတွေကို သာသာယာယာလေးသတ်လို့ရတယ် ဒါနဲ့ဆို။ ဝေမုန့်လက်နက်က အသက်ကယ်ပစ္စည်းပဲ။"

ပိုင်ဝေဝေ့ : "ငါ့ကိုတစ်ခုပေး"

သူမမှာစဉ္းစားနေဖို့အချိန်မရှိတော့ဘူး။ zombieတွေသာ သူမကိုကိုက်စားလိုက်ရင် ဘာနဲ့ပြန်တိုက်ရမှာလဲ?

အိပ်မက်ထဲက ချစ်ရသူ [Book 2]Opowieści tętniące życiem. Odkryj je teraz