လက်တွေ့ဘဝ (၉)

1K 189 1
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

လက်တွေ့ဘဝ (၉)

ယဲ့ယွီရွှမ်း ဖုန်းကို ကြည့်လိုက်မိတယ်။ အသံက ရင်းနှီးနေသလိုပဲလို့ ရုတ်တရက်ကြီး တွေးမိလိုက်တယ်။

ဒါပေမဲ့ သူ အာရုံတွေ ထွေပြားနေတော့ ဘယ်သူ့အသံလဲဆိုတာ မမှတ်မိဘူး။

သူ ခဏလောက် အလုပ်ဆက်လုပ်နေပြီးမှ ဖုန်းနံပါတ်က ချင်ချိုးဟာဆိုတာကို သတိရလိုက်တယ်။

ယဲ့ယွီရွှမ်း ထပ်ခေါ်လိုက်တော့ ဖုန်းက ဝင်သွားတယ်။

ချင်ချိုးရဲ့ ဒေါသတကြီး အော်ဟစ်နေသံက ဖုန်းထဲကနေ ဖြတ်ပြီး ထွက်လာလေရဲ့။

"ယဲ့ယွီရွှမ်း ငါ မင်းကို ပြောမယ်၊ မင့်ဇနီးလောင်းရဲ့ ညီမက သူ့ကို သတ်ပြီး သူ့ခင်ပွန်းလောင်း၊ ကုမ္ပဏီနဲ့ သူပိုင်သမျှကို ခိုးဖို့ ကြိုးစားနေတာတဲ့ဟေ့၊ သူ့ကို ဆွဲချရုံတင်မကဘူး၊ ပိုင်ချန်းရန်ကိုပါ သတ်နေကြတာ၊ ငါ အခု ဆေးရုံမှာ၊ ပိုင်ယောင်းယောင်းက အဆောက်အဦးပေါ်ကနေ ခုန်ချဖို့ လုပ်နေတယ်၊ ပိုင်ဝေဝေ့က သတိလစ်သွားပြီ၊ ပိုင်ချန်းရန်ကတော့ နိုးနေပြီ"

ယဲ့ယွီရွှမ်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖုန်းကို ချလိုက်တော့တယ်။

အိမ်မက်နဲ့ လက်တွေ့ကြားထဲက ခြားနားချက်ကို သူ တကယ်မသိဘူးရယ်။

သူ တွေးမိလိုက်တာက ခုနက အဲ့ဒီအသံက အိမ်မက်ထဲက အမျိုးသမီးရဲ့အသံနဲ့ တူတယ်ဆိုတာကိုပဲ။

ဒါပေမဲ့…

သူ ဖုန်းကို ငုံ့ကြည့်လိုက်တယ်။ ဒါက အိမ်မက်မဟုတ်ဘူး။ ချင်ချိုးရဲ့ ဆဲလ်ဖုန်းနဲ့ ခုနကတင် ပြောနေခဲ့တာ၊ စုစုပေါင်း ဖုန်းခေါ်ဆိုမှုမှာ နှစ်ခုပဲရှိတယ်။

သူ ချက်ချင်း မတ်တတ်ထလို့ ထိုင်ခုံပေါ်က အပေါ်ဝတ်ဂျက်ကပ်ကို ဆွဲရင်း ထွက်သွားတော့တယ်။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Where stories live. Discover now