မယ်တော်ကြီးနဲ့ ကုန်းကုန်းဇာတ်ထုပ် (၆၂)

896 170 0
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Translator - Sharr

မယ်တော်ကြီးနဲ့ ကုန်းကုန်းဇာတ်ထုပ် (၆၂)

ရှောင်မို သူ့ကို သွားအရှာ မုယန်ကျွင်းက ပြန်အလာနဲ့ တိုးတာပဲ။

ရှောင်မို သူ့ကို မြင်တာနဲ့ သူမ ချက်ချင်း စိတ်သက်သာရာရသွားပြီး မြင်းပေါ်က တိုက်ရိုက်ဆင်းလို့ သူ့ဆီကို စာကမ်းပေးလိုက်တယ်။

"ဒါက သခင်မက အရှင့်ကို ပေးလိုက်တဲ့စာပါ"

သူမလက်ထဲက စာကို မုယန်ကျွင်းမြင်တော့ သူ့နှလုံးသားလေး နှစ်မြုပ်သွားတာပေါ့။ "သူမ အဆင်ပြေရဲ့လား"

ရှောင်မို ချက်ချင်း ခေါင်းခါပြလိုက်တယ်။ "အဆင်ပြေပါတယ်၊ ဒါပေမဲ့ အရှင့်နောက်က လိုက်မမီလို့ ဒီစာက ရက်အနည်းငယ် နောက်ကျသွားတယ်"

မုယန်ကျွင်း စာကို ယူပြီး ဖွင့်ဖတ်ကြည့်လိုက်တယ်။ အထဲက စာလုံးတွေက သိမ်မွေ့ပြီး လှပနေတယ်။

သူ မြန်မြန် ဖတ်လိုက်တယ်။ အဓိပ္ပာယ်ကို သေချာမသိပေမယ့် သူ့နှလုံးသားကတော့ တဖျပ်ဖျပ်နဲ့ ပျံနေရှာပြီ။

ပြီးတော့ သူ ဖြည်းဖြည်းလေးနဲ့ စေ့စေ့စပ်စပ် ထပ်ဖတ်လိုက်တာပေါ့။

【တင်း၊ ဇာတ်လိုက်ရဲ့ ချစ်ခင်နှစ်လိုမှုအမှတ်က ၉၈ဖြစ်သွားပါပြီ】

ပိုင်ဝေဝေ့က သူမလက်တွေကို ယှက်လို့ လက်ကျန်အချိန်တွေကို အချိန်နောက်ပြန်ရေတွက်မှာကို စောင့်ရင်း ချစ်ခင်နှစ်လိုမှုအမှတ်တွေ တိုးလာနေတဲ့ အသိပေးချက်ကို ကြားလိုက်ရတယ်။

【တင်း၊ ဇာတ်လိုက်ရဲ့ ချစ်ခင်နှစ်လိုမှုအမှတ်က ၉၉ဖြစ်သွားပါပြီ】

တစ်ရက်ပဲ ကျန်တော့တာ၊ ချစခင်နှစ်လိုမှုအမှတ်ကလည်း နည်းနည်းလေး ကျန်နေသေးတယ်။

အိပ်မက်ထဲက ချစ်ရသူ [Book 2]حيث تعيش القصص. اكتشف الآن