မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၇)

1K 204 4
                                    

Author Pineapple Cake ၏ 快穿系统:男神,你过来 Male Diety, You come over / Male God, come here ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး
Eng Ver. ကို အောက်ပါ Link ဖြင့် ရှာဖွေနိုင်. . .
https://www.novelupdates.com/group/silentmoontl/
https://piperpickups.com/mgch/

Eng Translator: TheWhiteBook

Eng Proofreader/editor: Cheese

Mm Translator - ဂွေ့

____

မယ်တော်ကြီးနဲ့ ကုန်းကုန်း ဇာတ်ထုပ် (၅၇)

မုယန်ကျွင်းက အဲ့ဒီစကားကို နားမလည်ဟန်နဲ့ ဒေါသတကြီးပြန်​ရေရွတ်လာတယ်။
"မကယ်နိုင်ဘူးတဲ့လား?"

အဲ့ဒါကို နန်းတွင်းသမားတော်လည်းမြင်ရော တစ်ကိုယ်လုံးတုန်ယင်ပြီး ခြေထောက်တွေတောင်ပျော့ခွေကျသွားတယ်။
"တုကျူး သခင်မရဲ့ အတွင်းအင်္ဂါတွေက စတင်ပျက်စီးနေပါပြီ။ အများဆုံး ဆယ်ရက်ပဲ ခံပါတော့မယ်။ ချောင်းဆိုးသွေးပါတဲ့ရောဂါကလည်း ကုရအင်မတန်မှခက်လှပါတယ်။ ဘာက သူ့ကို ပိုဆိုးစေလဲမသိပေမယ့် ဒေါသသွေးတွေက သူ့ရဲ့နှလုံးကို ထိခိုက်စေတာပါ။ ရလဒ်ကတော့ သူမရဲ့အခန္ဓာကိုယ်ကို အားနည်းသွားစေတာပါပဲ။

မုယန်ကျွင်းက သူ့ဘေးကထိုင်ခုံကို ရုတ်တရက်ကောက်ပေါက်လိုက်တယ်။သူ့ဘေးကစားပွဲရော ထိုင်ခုံရော တန်းပြီးမြေပေါ် ပြုတ်ကျကုန်တော့တာပေါ့။

ခုတင်ကလွဲလို့ အခန်းထဲကအရာတွေအကုန် တုန်လှုပ်ကုန်ကြတယ်။

နန်းတွင်းသမားတော်ကတော့ ကြောက်ဒူးအတုန်ဆုံးပဲ။

မုယန်ကျွင်းက တိုးတိုးလေး ထပ်ပြောလိုက်တယ်။
"ပြန်ပြောစမ်း"

လိမ်လည်းပြေးမလွတ်ဘူးဆိုတာ နန်းတွင်းသမားတော်သိတယ်။ ဒီအခန်းထဲကထွက်ဖို့ဆို သူအမှန်ကိုပြောဖို့ပဲရှိတာ။
"တုကျူး ကျွန်တော်မျိုးက သခင်မကိုကုဖို့ ငြင်းဆန်နေတာမဟုတ်ပါဘူး။ သူမရဲ့ ခန္ဓာကိုယ်ကိုက ဆေးဒဏ်ကိုမခံနိုင်တော့တာပါ။"

ဆေးဒဏ်ကိုပဲ မခံနိုင်တော့ဘူးတဲ့လား? အဲ့ဒါက သေဖို့စောင့်နေလို့ပြောလိုက်တာနဲ့ အတူတူပဲလေ။

သမားတော်ပြောပြီးပြီးချင်းဆိုသလိုပဲ မုယန်ကျွင်းက ဒေါသတကြီးနဲ့ သူ့ကို ကန်လွှတ်တော့တယ်။

အိပ်မက်ထဲက ချစ်ရသူ [Book 2]Opowieści tętniące życiem. Odkryj je teraz