Part-1(Unicode)

1.6K 91 4
                                    

ရယူခြင်းမဟုတ်တ့ဲအချစ်စစ်နဲ့..
စွန့်စားပြီးချစ်မယ်ဆိုတ့ဲမမြင့်ရယ်..
အချိန်မတော်အိမ်အပြန်လမ်းထက်မှာ..
ငါ့ကိုဆွေးသွားအောင်လုပ်ရက်တ့ဲဖိတ်စာရယ်..
မင်းလက်ဆောင်ပေးထားတ့ဲပုဆိုးလေးအား..
ငါမြတ်နိုးလွန်းလို့ကွာမဝတ်ဘဲသိမ်းထားတယ်..
နာကျင်မှာကိုငါပြန်တွေးမိတိုင်း..
အတူတူစီးခ့ဲတ့ဲဒီစက်ဘီးလေးထက်ဝယ်..
ခန်းမကြီးထဲလှနေပြီ..
၁၉၈၆ငါမေ့မရတ့ဲနေ့တွေ..
တွေးလိုက်တိုင်းပါ ငါ့မှာ..
အရင်လိုဘဲ..
အပေါင်းအသင်းများကပြုံး​ပျော်နေ..
စကားတွေတိတ်ဆိတ်လို့ငါရှက်ပြုံးလေးပြုံးနေပါပြီ..
သတိရမိတယ်မြင့်ရယ်..
မင်းကလေးမသိ..

"အဟမ်း..အဟမ်း.."
"ဟာ..ဒေါ်နှင်းငွေမှုန်ဘယ်ကနေဘယ်လိုရောက်လာတာ.."
"ငါ့ကိုများဒေါ်တပ်ခေါ်နေသေးတယ်..ငါလုပ်လိုက်ရ.."
"နင်ကလည်း..ထိုင်ပါဦး.."

နှင်းကအခန်းထဲကခုံတစ်ခုမှာဝင်ထိုင်ကာ..

"နင့်မှာလည်းနော်..ဝဋ်ကြွေးတစ်ခုဘဲ.."
"ဘာကိုလဲဟ.."
"ငါလာချိန်တိုင်းမမြင့်သီချင်းဘဲကြားနေရတယ်..မမြင့်ကိုဝဋ်ကြွေးဆပ်နေသလိုဘဲ.."
"ဟီး..ငါကြိုက်လို့ပါဟ.."
"အေအေ..နင်လည်းကြာရင်မမြင့်မိန်းမဖြစ်တော့မယ်.."
"ကောင်းတာပေါ့..ငါကမမြင့်မိန်းမဖြစ်ချင်နေတာ.."
"ငါလုပ်လိုက်ရ.."

နှင်းကရိုက်ဖို့ရွယ်လိုက်တာမို့..

"ငါကစတာပါ..ခုရောဘာလာလုပ်တာလဲ.."
"ဘာလဲ..လာလို့မရဘူးလား.."
"မဟုတ်ပါဘူး..နင်ကလည်း.."
"ငါနင့်ကိုလာခေါ်တာoceanသွားမလို့.."
"ဘာလဲ..တိုးတိုးလွင်နဲ့ရန်ဖြစ်ကြပြန်တာလား.."
"အ့ဲအကောင်အကြောင်းမပြောနဲ့..ခုနင်လိုက်မှာလား..မလိုက်ဘူးလား.."

နှင်းစိတ်မရှည်သလိုပြောလာသည်မို့..

"လိုက်ပါမယ်..ခဏစောင့်.."
"အင်း..ငါဒေါ်လေးဆီခဏသွားလိုက်ဦးမယ်.."
"သွားလေ..ငါလိုက်ဆင်းခ့ဲမယ်.."

နှင်းကအမေ့ဆီသွားတော့ကော်ကော်လည်းအဝတ်ဗီဒိုထဲကနေအနီရောင်ရှပ်အကျႌနဲ့ဘောင်းဘီအတိုကိုဝတ်ဆင်ပြီးအပြင်ကအမဲရောင်အကွက်လက်ရှည်ကိုထပ်ဝတ်လိုက်သည်..မှန်ရှေ့မှာပြန်ရပ်ကာအရှေ့ကခပ်အုပ်အုပ်နဲ့အနောက်ကခပ်ရှည်ရှည်လေးဖြစ်နေတ့ဲရေဘဝဲဆံပင်ကေလေးကိုသေချာအောင်လုပ်လိုက်ပြီးခန္ဓာကိုယ်မှာလည်းရေမွှေးအနည်းငယ်ဆွတ်လိုက်သည်အဆင်ပြေပြီးဆိုတာနဲ့ပိုက်ဆံအိတ်နဲ့ဆိုင်ကယ်သော့ယူပြီးအောက်ထပ်ကိုဆင်းလာခ့ဲလိုက်သည်..

မြင့်Where stories live. Discover now