Part-4(Unicode)

760 69 0
                                    

က့ံကော်အိပ်ရာကနိုးတာနဲ့မျက်လုံးထဲအရင်ဆုံးမြင်ယောင်လာမိတာကမနေ့ညနေကအဖြစ်အပျက်လေး..

"တီချယ်မြင့်ရယ်..သူနဲ့တီချယ်မြင့်ကဘယ်လိုပတ်သက်တာများလဲ.."

အိပ်ရာပေါ်မှာတစ်ယောက်တည်းရေရွတ်နေမိသည်..အနီးနားစားပွဲကဖုန်းကိုယူပြီးလိုင်းဖွင့်ကာfbဝင်ကြည့်တော့တီချယ်ကအကောင့်လက်ခံထားပေးသည်ဒါပေမ့ဲတီချယ်ကလိုင်းပေါ်မှာရှိမနေခ့ဲတာမို့စာမပို့ဘဲလိုင်းပေါ်ကပြန်ဆင်းလာလိုက်သည်..

ဒေါက်..ဒေါက်..

"က့ံကော်ရေ..မထသေးဘူးလား.."
"နင်အစောကြီးဘာလာလုပ်တာလဲ.."

အိပ်ရာကနေလှမ်းအော်ရင်းတံခါးသွားဖွင့်ပေးလိုက်တော့နှင်းကအထဲဝင်လာကာ..

"နာရီကိုလည်းကြည့်ပါဦး..နေ့လယ်ရောက်တော့မယ်.."
"ခုနင်ဘာလာလုပ်တာတုန်း.."
"နင်အဆင်ပြေရဲ့လားလို့လာကြည့်တာ.."
"ငါကဘာကိစ္စအဆင်မပြေရမှာလဲ.."
"မနေ့ညနေကလေ.."
"တော်ပြီ..ငါရေချိုးဦးမယ်.."

က့ံကော်ကစကားဖြတ်ကာရေချိုးခန်းထဲဝင်သွားတော့သည်က့ံကော်ကိုကြည့်ရင်းနှင်းခေါင်းတွေသာခါရမ်းမိသည်သူ့မှာရည်းစားမထားဖူးဘူးခုမှသဘောကျတ့ဲတီချယ်ကိုတွေ့ပါတယ်ဆိုကာမှတီချယ်ကပိုင်ရှင်ရှိနေသလားဘဲ..သူ့အစားနှင်းရင်မောရသည်သူငယ်ချင်းဖြစ်သူကိုလည်းခံစားနေရတာမျိုးမဖြစ်စေချင်ပါ..အဆင်ပြေပါစေသူငယ်ချင်းရယ်..အတွေးတွေနဲ့အလုပ်ရှုပ်နေတုန်းက့ံကော်ကရေချိုးပြီးလို့ပြန်ထွက်လာသည်..

"ဟ့ဲ..မြန်လိုက်တာ.."
"အေးတယ်လေ.."

သူကပြောနေရင်းဖုန်းကိုလှမ်းယူကာသီချင်းဖွင့်လိုက်ကာစားပွဲပေါ်ကိုပြန်တင်ပြီးအဝတ်အစားလဲတော့သည်..

"တီချယ်ကိုသတိရနေတာလား..က့ံကော်.."
"ဘာလို့မေးတာလဲ.."
"မမြင့်သီချင်းဖွင့်နေလို့.."
"အ့ဲသီချင်းကငါအရင်ကတည်းကဖွင့်နေကျဘဲလေ..ထူးဆန်းလို့လား.."
"အင်း..ခုချိန်မှာမြင့်ဆိုတ့ဲအမျိုးသမီးကတကယ်ရှိလာပြီမို့လေ.."
"ဒါပေမ့ဲ..ငါ့အပိုင်မဟုတ်သေးဘူး.."

က့ံကော်ကအ့ဲလိုပြောတော့နှင်းဘာဆက်ပြောရမှန်းမသိဘဲတိတ်ဆိတ်နေတုန်းက့ံကော်ကဘဲစကားပြန်စလာသည်..

မြင့်Tempat cerita menjadi hidup. Temukan sekarang