Part-11(Unicode)

802 72 2
                                    

ဒီနေ့ကစာမေးပွဲဖြေမ့ဲနေ့လေးမို့ကျောင်းကိုစောစောသွားရပေဦးမည်စာမေးပွဲမဖြေခင်ချစ်ရသူရဲ့မျက်နှာကိုတော့ကြည့်သွားချင်ပါရဲ့..အတွေးတွေနဲ့ပျော်နေရင်းမနက်စာကိုလာဆင်းစားလိုက်သည်..

"သမီးဒီနေ့စာမေးပွဲဖြေမှာမဟုတ်လား.."
"ဟုတ်က့ဲ.."
"စာတွေရောရနေပြီလား.."
"ဟုတ်က့ဲ..ရနေပြီ..အမေ"
"အင်း..သမီးတီချယ်နဲ့ရောအဆင်ပြေရဲ့လား..သူမမိဘတွေရောသိသွားပြီလား.."
"သူမနဲ့ကအဆင်ပြေပါတယ်..ဒါပေမ့ဲသူမမိဘတွေတော့မသိသေးဘူး.."
"အင်း..နောက်မှအေးဆေးအသိပေးပေါ့.."
"ဟုတ်က့ဲ.."

အမေပြောမှသူမမိဘတွေအကြောင်းအတွေးဝင်လာမိသည်သိရင်တော့ချက်ချင်းလက်ခံမယ်မထင်ပေ..က့ံကော်ရဲ့မိဘတွေကတော့က့ံကော်စိတ်ချမ်းသာရင်ရပြီလို့ပြောကြပေမ့ဲမိဘတွေလည်းအများကြီးပင်ပန်းရမယ်ဆိုတာသိပါသည်..အများကြီးနားလည်ပေးလို့လည်းကျေးဇူးတင်ရသည်..

"က့ံကော်ရေ.."
"ဟေး..ငါအထဲမှာ.."

နှင်းလာပြီမို့မနက်စာကိုမြန်မြန်စားကာအပြင်ထွက်လာလိုက်သည်..

"နှင်းသွားမယ်.."
"အင်း.."

ကျောင်းသွားဖို့ဆိုင်ကယ်ထုတ်နေရင်းအကြည့်တွေကအမေစိုက်ထားတ့ဲပန်းတွေဆီရောက်သွားတော့သူမပန်ဖို့အတွက်ကိုသတိရမိသွားတာမို့သစ်ခွပန်းတစ်ကိုင်းခူးလိုက်သည်..

"အမေရေ..အမေ့သစ်ခွပန်းတစ်ကိုင်းချိုးသွားပြီ.."
"ဟ့ဲ..အ့ဲဒါ.."

အမေ့ကိုလှမ်းအော်ပြီးတာနဲ့အမေပြန်ပြောတာမစောင့်ဘဲဆိုင်ကယ်မောင်းထွက်လာခ့ဲသည်..ကျောင်းရောက်လို့ဆိုင်ကယ်ထားတော့အိတ်ထဲကဖုန်းမြည်လာသည်မို့ကိုင်လိုက်သည်..

"ဟဲလို..မြင့်.."
"မောင်ကျောင်းရောက်ပြီလား.."
"ခုဘဲရောက်တာ.."
"မောင်ဘယ်မှာစာဖြေတာလဲ.."
"chemistryအဆောင်မှာ.."
"ကျွန်မလည်းအ့ဲမှာအခန်းစောင့်ရတယ်..လာခ့ဲလိုက်မောင်.."
"ခုလာခ့ဲမယ်နော်.."

သူမဆီကဖုန်းကိုချပြီးတာနဲ့နှင်းကိုမစောင့်ဘဲ ခပ်သွက်သွက်လေးဖြေမ့ဲအဆောင်ဆီသွားလိုက်သည်..မလှမ်းမကမ်းကကြည့်တာတောင် အပင်​လေးအောက်မှာရပ်နေတာဟာသူမမှန်းသိရသည်ဒီနေ့မှအပြာရောင်ဝတ်စုံဝတ်ထားတာမို့ပိုပြီးလှပနေသည်..

မြင့်Where stories live. Discover now